၁. ၁. ၂၀၂၅
Translated by Thettant
၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့လူဦးရေဟာ ၇၁ သန်းကျော် တိုးလာတာကြောင့် နှစ်သစ်ကူးနေ့မှာ ၈ ဒသမ ၀၉ ဘီလျံကို ရောက်ရှိလာမှာ ဖြစ်လာတယ်လို့ အမေရိကန် သန်းခေါင်စာရင်း ဗျူရိုက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ခန့်မှန်းချက်အရ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၀ ဒသမ ၉ ရာခိုင်နှုန်းဖြစ်တဲ့ ၇၁ သန်းကျော် တိုးလာမှုဟာ ကမ္ဘာ့လူဦးရေ ၇၅ သန်းတိုးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဥ်ရင် အနည်းငယ် ကျဆင်းသွားပါတယ်။ ခန့်မှန်းချက်တွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ကမ္ဘာတဝှမ်းလုံးမှာ စက္ကန့်တိုင်း မွေးဖွားမှုနှုန်းက ၄ ဒသမ ၂ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၂ ခု ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ၂၀၂၄ ခုနှစ်မှာ လူဦးရေ ၂ ဒသမ ၆ သန်း တိုးလာပြီး နှစ်သစ်ကူးနေ့မှာ အမေရိကန်လူဦးရေက ၃၄၁ သန်းရှိမယ်လို့ သန်းခေါင်စာရင်းဗျူရိုက ပြောသလို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ၉ စက္ကန့်တိုင်း တစ်ဦးမွေးဖွားပြီး ၉ ဒသမ ၄ စက္ကန့်တိုင်းမှာ တစ်ဦးသေဆုံးမယ်လို့လည်း အမေရိကန်က မျှော်လင့်ထားပါတယ်။ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုက ၂၃ ဒသမ ၂ စက္ကန့်တိုင်းမှာ လူတစ်ဦးနှုန်း တိုးလာမယ်လို့ မျှော်လင့်ထားတာကြောင့် မွေးဖွားမှု၊ သေဆုံးမှုနဲ့ အသားတင် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုတွေကို ပေါင်းစပ်တွက်ချက်မှုအရ ၂၁ ဒသမ ၂ စက္ကန့်တိုင်းမှာ အမေရိကန်လူဦးရေမှာ လူတစ်ဦး တိုးလာမယ်လို့ သန်းခေါင်စာရင်းဗျူရိုက ပြောကြားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်ကနေ အခုအချိန်အထိ အမေရိကန်လူဦးရေက လူဦးရေ ၉ ဒသမ ၂ သန်းနီးပါး တိုးလာခဲ့ပြီး တိုးနှုန်းက ၂ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ပေမဲ့ ၂၀၁၀ ပြည့်နှစ်တွေမှာ အမေရိကန်လူဦးရေတိုးနှုန်းက ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့လို့ လက်ရှိနှုန်းက ၁၉၃၀ ပြည့်နှစ်တွေနောက်ပိုင်း အနိမ့်ဆုံးနှုန်းလည်း ဖြစ်ခဲ့ပါတယ်။