၁. ၁. ၂၀၂၅
Written by Thettant
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် KBZ Pay အကောင့်အသုံးပြုသူများ၏ အကောင့်အတွင်း ဝင်ရောက်၍ အကောင့်ပိုင်ရှင်မသိမီ ကျပ်သိန်းဆယ်ချီကို လိမ်လည်သူများက လွှဲပြောင်းရယူသွားမှုဖြစ်စဥ်များနှင့် ပတ်သက်
K Pay အသုံးပြုသူများ၏ ငွေကြေးဆုံးရှုံးမှုမဖြစ်စေရန် တာဝန်ခံကြောင်းနှင့် ဗဟိုဘဏ်ကြီးကြပ်မှုဖြင့် လက်ရှိဖြစ်စဥ်များ ဖော်ထုတ်မည်ဖြစ်ကြောင်း KBZ Pay က ထုတ်ပြန်အသိပေးထားသည်။
KBZ Pay အကောင့်များမှ ငွေများ လိမ်လည်ထုတ်ယူခံရမှုဖြစ်စဥ်များတွင် ဘဏ်နှင့်ချိတ်ထားသော အကောင့်များမှ K Pay သို့လွှဲပြောင်းကာ အခြားအကောင့်များသို့ ငွေလွှဲခြင်း၊ iTune Card များကဲ့သို့ လက်ဆောင်များ၊ ဘေလ်များ ဝယ်ယူခြင်းစသဖြင့် ခိုးယူကြကာ ထိုသို့ အကောင့်ပိုင်ရှင်ဆီ OTP ကျမလာ၊ မည်သည့်လင့်ခ်မှ မဝင်မိဘဲ ခိုးယူခံရမှုမှာ ဝန်ထမ်းအချို့၏ ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း လူမှုကွန်ရက်တွင် သုံးသပ်ကြပြီးနောက် KBZ Pay က ထိုသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
“လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း အသိပေးအပ်ပါသည်။ ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမည် ဖြစ်ပါသည်”ဟုလည်း KBZ Pay က ပြောသည်။
ထိုသို့ KBZ Pay ၏ မလုံခြုံမှုများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီးနောက် KBZ Pay ဘက်က ငွေခိုးယူခံရသူများ၏ အကောင့်များကို ဆုံးရှုံးငွေများ ပြန်လည်ဖြည့်တင်းပေးခဲ့ပြီး ထိုသို့ဖြည့်တင်းပေးသည်ကိုလည်း ဆုံးရှုံးသူများက Edited ဖြင့် ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။
ပုံစာ။ ယခုရက်ပိုင်းအတွင်း K Pay အသုံးပြုသူအချို့ လိမ်လည်မှုဖြစ်စဥ်အကြောင်း Facebook ပေါ်၌ Public ဖြင့် ရေးသားချက်အချို့ တွေ့ရစဥ်။