၁. ၁. ၂၀၂၅
Photo by Ye Kyaw
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ် နှစ်သစ်ကူး ဒီနေ့မှာ အများပြည်သူတွေ အေးချမ်းစွာ လာရောက်ကုသိုလ်ယူ ဖူးမြော်နေတာကို တွေ့ရှိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မနေ့က ညမှာလည်း New Year Countdown 2025 ကို နေပြည်တော်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်လို့ ၂၀၂၅ နှစ်သစ်ရဲ့ မနက်ခင်းမှာတော့ ဘုရားစေတီများသို့ လူငယ်တွေ လာရောက်ဖူးမြော်တာထက် လူကြီးပိုင်းနဲ့ အစိုးရဝန်ထမ်းတွေ လာရောက်ဖူးမြော်နေကြတာကိုလည်း တွေ့ရှိရပါတယ်။