၁. ၁. ၂၀၂၅
Written by Nay Moe
ကန့်ဘလူမြို့နယ်၊ ဆားကုန်းရွာက နာရေးအိမ်တစ်အိမ်ကို PDF တွေက Drone နဲ့ Drop Bomb ဗုံးချတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆားကုန်းကျေးရွာအတွင်းကို PDF တွေက ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ Drone အသုံးပြုပြီး Drop Bomb တွေ ပစ်ချတိုက်ခိုက်ခဲ့လို့ အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများစွာနဲ့ သေဆုံးခဲ့သလို အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့မှာလည်း ဗုံးစထိမှန် ဒဏ်ရာများစွာ ရရှိခဲ့တာပါ။
ဒီဖြစ်စဥ်က ဆားကုန်းရွာမှာ ဦးဝင်းဘိုဆိုသူရဲ့ ဖခင် နာရေးပြုလုပ်နေချိန် ရွာသူရွာသားတွေက ကူညီလုပ်ကိုင်နေတုန်း တိုက်ခိုက်လိုက်တာလို့လည်း သိရပြီး ဒီ တိုက်ခိုက်မှုကြောင့် မချိုချိိုမာ သေဆုံးပြီး၊ ဦးဝါဟစ်နဲ့ မသင်းမာစိုးတို့ စိုးရိမ်ရဒဏ်ရာတွေ ရခဲ့သလို ဒေါ်ခင်မာဦး၊ ဒေါ်စိန်မေ၊ ဒေါ်မိနှင်း၊ ဒေါ်မိလုံး၊ မဖြိုးဖြိုးဝေ၊ ဦးထွန်းမြင့်၊ ဦးဝင်းနိုင်၊ ဦးဘိုလေး၊ ဦးကျော်မြင့်၊ ဒေါ်သက်ထား၊ ဒေါ်ဦးတို့က မစိုးရိမ်ရတွေ ရရှိထားတယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရပါတယ်။