၁. ၁. ၂၀၂၅
Written by Nay Moe
ဂန့်ဂေါမြို့နယ်၊ ဇာဟောရွာအထက်တန်းကျောင်းကို PDF များက မီးရှို့ဖျက်ဆီးလိုက်သည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအား PDF များက ဒီဇင်ဘာလ ၂၉ ရက် ည ၁၁ နာရီ၊ ၄၅ မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ အလျား ၁၀၈ ပေ၊ အနံ ၃၃ ပေ၊ အမြင့် ၂၂ ပေရှိ ကွန်ကရစ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ အုပ်ညှပ် ၂ ထပ်၊ စာသင်ဆောင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။
NUG လက်ဝေခံ PDF များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများများအား အကြောက်တရား လွမ်းမိုးစေရန် အဝေးမှနေ၍ လက်နက်ကြီးများ၊ Drone များအသုံးပြု၍ နှောင့်ယှက် ပစ်ခတ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့လုပ်ဆောင်လျက်ရှိသည်။
လုံခြုံရေးအဖွဲ့များအနေဖြင့် အထက်ပါဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများ အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။