၁. ၁. ၂၀၂၅
Photo by Tha Doe
မသိသူတွေကို လှူတန်းရာမှာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေကို ကျော်ဖြတ်၊ ရက်ရက်ရောရောလှူဒါန်းတတ်တဲ့ သူတွေ အများဆုံးနေထိုင်ရာလို့လည်း ကမ္ဘာကျော်တဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းစွာနေထိုင်လိုသူ ဗုဒ္ဓဘာသာဝင်တွေဟာ ၂၀၂၅ နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ရွှေတိဂုံ စေတီတော်ရင်ပြင်ထက် တက်ညီလက်ညီ ကုသိုလ်ပြုနေကြပါတယ်။
လက်ရှိကာလဟာ ရွှေတိဂုံစေတီတော်မှာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနေတာလည်းဖြစ်လို့ အလှူရှင်တွေက ကိုယ်လှူထားတဲ့ရွှေပြားတွေနဲ့ မှတ်တမ်းတင်ကုသိုလ်ယူနေကြတာ၊ စတုဒိသာ၊ ရွှေဆိုင်းကပ်တာ စသလို မိမိတတ်နိုင်သလောက် လှူတန်းရင်း ငြိမ်းချမ်းအေးမြစွာရှင်သန်ခြင်းတွေ လန်းဝံ့နေပြီး သူတစ်ပါးကို ကိုယ်စိတ်နှလုံးဒုက္ခပေးလိုတဲ့ ညစ်ညမ်းစိတ်တွေ ကင်းစင်ရာနေရာလည်းဖြစ်လို့ ရွှေတိဂုံစေတီမြတ်မဟာက နှစ်သစ်ကုသိုလ်ပုံရိပ်တွေကိုလည်း ကုသိုလ်အမျှ ရယူနိုင်ကြပြီး ကောင်းစိတ်ပွားများနိုင်စေဖို့ ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။