၃၁. ၁၂. ၂၀၂၄
Photo by Tha Doe
မြန်မာပြည်သူလူထုအဖို့ စိတ်အပင်ပန်းရဆုံးနှစ်လို့ ဆိုချင်လည်း ဆိုနိုင်လောက်တဲ့ ၂၀၂၄ ခုနှစ်ဟာ မကြာခင်နာရီပိုင်းအတွင်း ကုန်ဆုံးတော့မှာပါ။
၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးညနေနဲ့ ၂၀၂၅ ကြိုဆိုပွဲ Countdown တွေဟာ အေးချမ်းသာယာတဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာ အစိုးရအစီအစဥ်နဲ့ ကျင်းပတဲ့ အခမဲ့ Countdown ပွဲတော်တွေရှိသလို အခြေခံလူတန်းစားတွေနဲ့ လားလားမှမသက်ဆိုင်တဲ့ အခကြေးငွေ ကျပ် ၃၀၀၀၀ ကနေ ကျပ်နှစ်သိန်းနဲ့အထက်ပေးမှ ပျော်ရွှင်ရမဲ့ ဟိုတယ်တွေက Private Countdown တွေ၊ မြန်မာနဲ့ ကမ္ဘာကျော် DJ တွေ ဖျော်ဖြေမယ့် Yangon Countdown Festival တွေလည်း အသက်ဝင်လှုပ်ရှားစပြုလာနေသလို လူစုလူဝေးကို ကြောက်တဲ့သူတွေကလည်း လူနည်းပါးရာ ဆိပ်ကမ်းတွေနဲ့ ဗိုလ်တထောင်ဆိပ်လို နေရာမျိုးမှာ အပန်းဖြေတတ်ကြသလို ဇင်ယော်တွေလည်း ရောက်လာကြတဲ့ အခါသမယမို့ ဗိုတထောင်ကမ်းနားက ၂၀၂၄ ရဲ့ နောက်ဆုံးမြင်ကွင်းတချို့ကို MT News က ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။