၃၁. ၁၂. ၂၀၂၄
Written by Nay Moe
နွေဦးတော်လှန်ရေးကာလ လေးနှစ်နီးပါးအတွင်းမှာ ချင်းညီနောင်အဖွဲ့ရဲ့ အဖွဲ့အစည်း အသီးသီးက လက်နက်ကိုင် ၃၀၀ ခန့် သေဆုံးခဲ့ပြီး ၁၀၀၀ ခန့်က ဒဏ်ရာရခဲ့တယ်လို့ ချင်းညီနောင်ရဲ့ စစ်ရေးဥက္ကဋ္ဌ ဆလိုင်းထန်းကျွင်းဖေက ချင်းညီနောင်အဖွဲ့တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနား စစ်ရေး အချက်အလက်ကို အစီရင်ခံချိန်မှာ ပြောပါတယ်။
“နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ကျွန်ဝောာ်တို့ ချင်းတော်လှန်ရေးဟာလည်း အင်မတန် ရှေးကျတဲ့ အဖွဲ့ထဲမှာ ပါပါတယ်။ လေးနှစ်နီးပါးပေါ့လေ၊ မတ်လလောက်မှာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ဖွဲ့စည်းနေပြီ။ လေးနှစ်နီးပါးကာလမှာတော့ ကျဆုံးရဲဘော် ကျွန်တော်တို့ ချင်းညီနောင်အဖွဲ့ရဲ့ အဖွဲ့အစည်းအသီးသီးမှာ စုစုပေါင်း ၂၀၀ နဲ့ ၃၀၀ ကြားပေါ့လေ ၂၅၀ ၀န်းကျင် ကျဆုံးပြီးတော့ တပ်ဖွဲ့ဝင်ပေါင်း တစ်ထောင်ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရခဲ့တာလည်း ရှိပါတယ်” ဆလိုင်းထန်းကျွင်းဖေက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေအတွင်း လက်နက်ကြီး၊ လက်နက်ငယ် တစ်ထောင်ခန့်နဲ့ စစ်သုံပန်း ခြောက်ရာခန့် ဖမ်းဆီးရမိခဲ့သလို ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား သုံးဆယ်ခန့်ကိုလည်း ကယ်ထုတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
ချင်းညီနောင်အဖွဲ့ဟာ AA နဲ့ NUG ကို သစ္စာခံတဲ့ ချင်းလက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားပြီး ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းကာကွယ်ရေးတပ် -မင်းတပ်( CDF-Mindat၊) ချင်းကာကွယ်ရေးတပ် – ကန်ပက်လက် (CDF-Kanpelet)၊ ချင်းလဲန်းကာကွယ်ရေးတပ်-မတူပီ တပ်မဟာ (၁) CDF(-Matupi Brigde 1) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/လက်နက်ကိုင် (MTC/MDF) အဖွဲ့တို့ ပါ၀င်ပါတယ်။