၃၀.၁၂.၂၀၂၄
Translated by Htwe Ko Tun
မြန်မာအစိုးရက နိုင်ငံအတွက် ၂၀၂၃ ခုနှစ်မှာ စစ်ဘက်လက်နက်ပစ္စည်းတွေဝယ်ယူရာမှာ ထိုင်းနိုင်ငံဘဏ်တွေက ကူညီမှုတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့စွပ်စွဲချက်တွေက မှန်ကန်တယ်လို့ ဆိုရအောင် သက်သေအထောက်အထားတစ်စုံတစ်ရာမရှိဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။
ထိုင်းနိုင်ငံဗဟိုဘဏ်(BoT) နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး(Amlo) တို့က ပြောကြားခဲ့ရာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ၂၀၂၄ ခုနှစ်၊ ဇွန်လက ထုတ်ပြန်တဲ့ အစီရင်ခံစာအပြီးမှာတော့ သူတို့အနေနဲ့ ချက်ချင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရှိငွေကြေးအဖွဲ့အစည်းတွေကိုလည်း သူတို့ရဲ့အရောင်းအဝယ်လုပ်ငန်းတွေကို ပြန်လည်စိစစ်သုံးသပ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူတို့က လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့အစီရင်ခံစာမှာ မြန်မာအစိုးရလက်နက်ပစ္စည်းဝယ်ယူဖို့ ကူညီခဲ့တယ်ဆိုတဲ့ ငွေကြေးအဖွဲ့အစည်းအချို့ဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အရောင်းအဝယ်ပြုမှုတွေရှိပေမယ့် ဒီအရောင်းအဝယ်တွေက လက်နက်ဝယ်ယူမှုနဲ့ဆက်စပ်တယ်လို့ ဘယ်လို သက်သေအထောက်အထားမှ မရှိဘူးလို့ ပြောခဲ့ကြပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ရဲ့အစီရင်ခံစာကို “Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar” လို့ အမည်ပေးထာပြီး မြန်မာလေတပ်က စခန်းတွေ၊ နယ်မြေတွေ၊ တပ်ဖွဲ့ဝင်တွေဆုံးရှုံးရလို့ အရပ်သားပစ်မှတ်တွေကို ငါးဆ တိုးတိုက်ခိုက်တယ်လို့ တစ်ဖက်သတ်စွပ်စွဲထားပါတယ်။
အစီရင်ခံစာက နစကဟာ ပြည်ပမှ လက်နက်နဲ့ရငွေ ဆိုတဲ့ အဓိကအရင်းအမြစ်နှစ်ခုအပေါ် မှီခိုနေရတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။
ဒါ့ပြင် အစီရင်ခံစာက နစကရဲ့ နိုင်ငံတကာဘဏ်လုပ်ငန်းကနေတစ်ဆင့် လက်နက်ခဲယမ်းဝယ်ယူဖို့အတွက် ထိုင်းနိုင်ငံက အဓိကအရင်းအဖြစ်ဖြစ်နေတယ်။ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကနေ လက်နက်နဲ့ တခြားပစ္စည်းတွေဝယ်ယူမှုဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာသန်း ၆၀ သာရှိရာမှ ၂၀၂၃ ခုနှစ်မှာ နှစ်ဆတိုးလာတယ်လို့လည်းအထောက်အထားမဲ့စွပ်စွဲထားပါတယ်။
BoT နဲ့ Amlo တို့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ သူတို့လုပ်ငန်းစတွေဆောင်ရွက်ရာမှာ ခက်ခဲတဲ့ အဆင့်တွေ ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ဖို့နဲ့ ငွေကြေးခဝါချမှုတွေတိုက်ဖျက်ဖို့ အဆင့်မြှင့်တင်ရန် လိုတယ်လို့ပဲ ဆိုထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့အစီရင်ခံစာမှာ မြန်မာကဒီလိုလက်နက်ဝယ်ယူနေမှုမှာ ထိုင်းအစိုးရက ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတေ့ာမတွေ့ရဘူးလို့ ဆိုပါတယ်။
Ref-Bangkok Post