၃၀. ၁၂. ၂၀၂၄
Written by Nyein Kyaw
၇၇ှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပချိန်မှ အခမ်းအနားပြီးစီးသည့်အချိန်အထိ ပြည်လမ်းအား မြေနီကုန်းမီးပွိုင့်မှ ပြည်ထောင်စုရိပ်သာလမ်းအထိ ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ထားထားသည်။
၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် အစမ်းလေ့ကျင့်ခြင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်ဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်တွင် အလံတင်အခမ်းအနားနှင့် နံနက် ၇ နာရီတွင် နိုင်ငံတော်အလံအလေးပြုပွဲနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားအား ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ အခမ်းအနားကျင်းပစဉ်အချိန်မှ ပြီးစီးသည့်အချိန်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမည် ဖြစ်သဖြင့် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော ယာဉ်များသည် မြေနီကုန်းတံတားအောက်မီးပွိုင့်တွင် ညာဘက်သို့ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့ လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသောယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းသို့ ချိုးကွေ့၍ ခရေပင်လမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း ဆက်လက်မောင်းနှင်ကြရန် အသိပေးကြေညာထားသည်။