၂၉. ၁၂. ၂၀၂၄
Written by Nay Moe
တပ်မတော် (လေ)က ဗိုလ်ကြီး ကြည်ဖေလင်းနဲ့ တပည့်ဖြစ်သူကို မန္တလေးတိုင်း၊ တောင်သာမြို့မှာ လက်ဖက်ရည်သောက်နေချိန် သတ်ဖြတ်လိုက်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ အမှတ် (၈၁၅) တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသက ဒီနေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
တောင်သာမြို့မှာ လက်ဖက်ရည်သောက်နေသည့် လေတပ်က ဗိုလ်ကြီး ကြည်ဖေလင်း (လေ ၄၂၆၂) နဲ့ တပည့်ဖြစ်သူတို့ ဒီဇင်ဘာ ၂၉ ရက် နံနက် ၇ နာရီ ၁၅ မိနစ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲ့ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က ပစ်ခတ်သတ်ဖြတ်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် လေတပ်ဗိုလ်ကြီး ကြည်ဖေလင်း ကိုင်ဆောင်တဲ့ MA5 MK1 သေနတ်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသလို ဗိုလ်ကြီးကြည်ဖေလင်းရဲ့ ဝန်ထမ်းကတ်၊ ကျည်၊ သေနတ်တွေနဲ့လည်း သတင်းထုတ်ပြန်ဖော်ပြထားပါတယ်။