၂၉. ၁၂ .၂၀၂၄
Wtitten by MMAK
◾လက်စတာ Vs မန်စီးတီး
ခြေစွမ်းအကျဘက်ရောက်နေပြီး ရလဒ်တွေဆိုးနေတဲ့ မန်စီးတီးအသင်းကို ယုံကြည်ထားရမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ မူလစတည်ကြေးမှာ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးက နှစ်လုံးကိုးဆယ်စား ဖြစ်ပေမဲ့ အခုအချိန်မှာ နှစ်လုံးခြောက်ဆယ်စားလောက်ထိ ကြေးတက်လာတာကြောင့် မန်စီးတီးအသင်းရဲ့ ပေါက်ကြေးက ဖြစ်သင့်တဲ့ အနေအထားကို ရောက်ရှိလာတာကို တွေ့ရပါတယ်။ လက်စတာအသင်းကို နစ္စတယ်ရွိုင်းကိုင်တွယ်ပြီးနောက်မှာ တိုက်စစ်အသားပေး ကစားတတ်တာကြောင့် ခံစစ်ကပေးဂိုးတွေ များနေပြီး ဂိုးပြတ်တွေချည်း ရှုံးထားတာ တွေ့ရပါတယ်။ မန်စီးတီးအသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်လို့ရတဲ့ ပေါက်ကြေးဖြစ်ပေမဲ့ မန်စီးတီးအသင်းအနေနဲ့ သရေကျလို့မရဘဲ ဂိုးပြတ်နိုင်ပွဲနှင့်အတူ သွင်းဂိုးတွေရသလောက်သွင်းပြီး ယုံကြည်မှု ပြန်လည်တည်ဆောက်ရမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ ပေါက်ကြေးကလည်း မန်စီးတီးအသင်း ကြေးပြန်အောင်နိုင်တဲ့ ပေါက်ကြေးဖြစ်သလို ရလဒ်ဆိုးတွေကနေ ရုန်းထွက်လာမဲ့ မန်စီးတီးအသင်းကို ရွေးချယ်သင့်နေပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းရဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ပြန်လည်တွေ့မြင်ရနိုင်တာကြောင့် မန်စီးတီးအသင်းကို ယုံကြည်ရမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။
◾စပါး Vs ဝုဗ်
စပါးအသင်းက နှစ်ပွဲဆက်ရှုံးထားပြီး ရလဒ်တွေဆိုးနေတာကြောင့် အခုအိမ်ကွင်းပွဲမှာ အနိုင်ရလဒ်ရရှိအောင် ကြိုးစားလာနိုင်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ နည်းပြအသစ်နဲ့ဝုဗ်အသင်းက လက်စတာအသင်းကို သုံးဂိုးပြတ်နိုင်ခဲ့သလို မန်ယူအသင်းကိုပါ နှစ်ဂိုးပြတ်ထပ်နိုင်ခဲ့တာကြောင့် ဝုဗ်အသင်းတော်တော်များနေပြီလို့ ထင်ပါတယ်။ မူလစတည်ကြေးမှာ စပါးအသင်းက ဘော်ဒီကြေးတစ်လုံးသရေ ပေါက်ပေမဲ့ လက်ရှိအချိန်မှာ တစ်လုံးသုံးဆယ်စားပေါက်နေတာကြောင့် ကြေးအနည်းငယ်ကျသွားတာကို တွေ့ရပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေး အနည်းငယ်ကျသွားပေမဲ့ အိမ်ကွင်းကောင်းတဲ့ စပါးအသင်းကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ နှစ်ပွဲဆက်ရှုံးပွဲတွေ့ထားတဲ့ စပါးအသင်းက ကြေးပြန်အောင်သွားနိုင်ပြီး နှစ်ပွဲဆက် နိုင်ပွဲရထားတဲ့ ဝုဗ်အသင်းက ကြေးပြန်ကျတော့မဲ့ ပွဲစဥ်တစ်ပွဲလို့ မြင်ပါတယ်။ အိမ်ကွင်းကောင်းတဲ့ စပါးအသင်း အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားနိုင်တာကြောင့် စပါးအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾အဲဗာတန် Vs နော်တင်ဟန်ဖောရက်
အဲဗာတန်အသင်းက အသင်းကြီးတွေကို သရေကစားနိုင်ခဲ့ပြီး အိမ်ကွင်းကစားအားကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ပေမဲ့ ယေဘူယျအားဖြင့် ကြည့်မယ်ဆိုရင် တန်းဆင်းဇုန်အထက်နားက အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ မန်ယူ ၊ ဗီလာ ၊ စပါးတို့လို့အသင်းကြီးတွေနဲ့ အိမ်ကွင်းကောင်းပါတယ်ဆိုတဲ့ ဘရန့်ဖို့အသင်းတို့ကို အနိုင်ရထားပြီး အဆင့်လေးမှာ ရပ်တည်နေတဲ့ ဖောရက်အသင်းက အထက်ကြေးမပေးနိုင်ဘဲ ဘော်ဒီကြေးဒဲ့ပေါက်နေတာဟာ မဖြစ်သင့်ပါဘူး။ သရေအရှုံးလောက်ထိ မပေးနိုင်ရင်တောင် အနည်းဆုံးငါးပြားဆယ်ပြား လောက်ထိ ပေးသင့်တာ ဖြစ်ပေမဲ့ အခုလို ဘော်ဒီကြေး ဒဲ့ပေါက်နေတဲ့ ပေါက်ကြေးမှာ ဖောရက်အသင်း အနိုင်မရဘူးလို့ ပြောလိုက်သလိုပါပဲ။ ဒီပေါက်ကြေးမှာ အိမ်ရှင်အဲဗာတန်အသင်းသရေနဲ့ အနိုင်ဘဲ ကြည့်ရနိုင်တာကြောင့် အဲဗာတန်ဘော်ဒီကို ရွေးချယ်ကစားသင့်ပါတယ်။
◾ခရစ္စတယ်ပဲလေ့စ် Vs ဆောက်သမ်ပ်တန်
အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းနဲ့ တန်းဆင်းဇုန်အထက်နားက ပဲလေ့စ်အသင်းတို့ ထိပ်တိုက်တွေ့နေတာ ဖြစ်ပြီး အဆင့်ကွာဟချက် မကြီးမားတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပဲလေ့စ်အသင်းရဲ့ ဘော်ဒီကြေး တစ်လုံးတစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးက ပြင်းရှနေတယ်လို့ ပြောလို့ရပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ အဆင့်တစ်ဆယ်အတွင်းမှာ ရပ်တည်နေပြီး ဇယားထိပ်ပိုင်းက အသင်းတွေဖြစ်တဲ့ ဖူဟမ်အသင်းက ဆောက်သမ်ပ်တန်အသင်းကို ဘော်ဒီကြေး တစ်လုံးသုံးဆယ်စား ပေးခဲ့ပြီး ဘရိုက်တန်အသင်းက တစ်လုံးလေးဆယ်အရှုံးလောက် ပေးခဲ့တာ ဖြစ်ပေမဲ့ တန်းဆင်းဇုန်အထက်နားက ပဲလေ့စ်အသင်းက တစ်လုံးတစ်ဆယ်စားပေးထားတာဟာ အရမ်းပြင်းတယ်လို့ ထင်ပါတယ်။ ပဲလေ့စ်အသင်းအနေနဲ့ အနိုင်ရမယ်ဆိုရင်တောင် တစ်လုံးလေးဆယ်စားလောက်ပေးရင်ကို လုံလောက်ပါတယ်။ တစ်လုံးတစ်ဆယ်စားဆိုတဲ့ ဒီပေါက်ကြေးမှာ ပဲလေ့စ်အသင်း တစ်ဂိုးအသာနဲ့တင်မဟုတ်ဘဲ အနိမ့်ဆုံး နှစ်ဂိုးလောက်ထိသွင်းမယ်လို့ ပြောလိုက်သလိုပါပဲ။ ဒီအတွက်ကြောင့် ပဲလေ့စ်ဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ပဲလေ့စ်တစ်သင်းတည်းကိုပဲ နှစ်ဂိုးလောက်က အနိမ့်ဆုံး မြင်တွေ့ရနိုင်တာကြောင့် ဂိုးပေါ်ကိုပါ ထပ်မံရွေးချယ်ပေးချင်ပါတယ်။
◾ဖူဟမ် Vs ဘုန်းမောက်
ဒီရာသီမှာ ခြေစွမ်းကောင်းနေပြီး အသင်းကြီးတွေကို ဒုက္ခကောင်းကောင်းပေးနေတဲ့ ဖျက်မျဥ်းနှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ နှစ်သင်းလုံးက ကစားပုံကောင်းနေပြီး တိုက်စစ်က သွင်းဂိုးတွေ သွင်းယူနိုင်တာကြောင့် ရလဒ်တွေကောင်းနေတယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဖူဟမ်အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေးပါးပါးသာပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးစားအထိ ပေါက်နေတာကြောင့် ဒီပေါက်ကြေးကနှစ်သင်းလုံး ဂိုးရနိုင်တဲ့ ပေါက်ကြေး ဖြစ်ပါတယ်။ ဒီနှစ်သင်းတိုက်တွေ့ဆုံမှုတိုင်းမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်ထားခဲ့တာ တွေ့ရသလို အခုပွဲမှာလည်း အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ လက်ရှိခြေစွမ်းနဲ့ ပေါက်ကြေးအရ နှစ်သင်းလုံး ဂိုးရနိုင်ပြီး တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမှာ ဖြစ်တာကြောင့် သုံးဂိုးလောက်က အသာအယာ မြင်တွေ့ရနိုင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဝက်စ်ဟမ်း Vs လီဗာပူး
ဒီရာသီမှာ ခြေစွမ်းကောင်းလွန်းနေတဲ့ လီဗာပူးအသင်းကို ဝက်စ်ဟမ်းအသင်းအနေနဲ့ ရပ်တန့်နိုင်ဖို့ မလွယ်သေးပါဘူး။ ဝက်စ်ဟမ်းအသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ရလဒ်ကောင်းနေတာ တွေ့ရပေမဲ့ ဒီပွဲစဥ်မှာ အဓိကကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဆူဆက်နဲ့ ရိုဒရီဂွက်တို့မပါနိုင်သလို တိုက်စစ်မှူး အန်တိုနီယိုလည်း မပါနိုင်ပါဘူး။ အသစ်ခေါ်ထားတဲ့ တိုက်စစ်မှူး ဖူးကရက်က အသင်းနဲ့ အံမဝင်သေးတာကြောင့် သွင်းဂိုးတွေရဖို့ ရုန်းကန်နေရပြီး အရင်ရာသီမှာ ခြေစွမ်းတောက်ပခဲ့တဲ့ တောင်ပံကစားသမားဂျရတ်ဘိုဝင်ကလည်း ခြေစွမ်းအနည်းငယ် ကျဆင်းလာတာကြောင့် ဝက်စ်ဟမ်းတိုက်စ်က လီဗာပူးခံစစ်ကို တစ်ဂိုးထပ် ပိုသွင်းနိုင်ဖို့ မလွယ်ပါဘူး။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ဆိုဘိုဆလိုင်းမပါနိုင်ပေမဲ့ ကားတစ်ဂျုန်းဝင်ကစားနိုင်သလို တိုက်စစ်မှူးဂျိုတာ ပြန်လည်ပါဝင်လာတာကြောင့် သွင်းဂိုးတွေ ပိုမြင်ရဖို့ရှိပါတယ်။ လီဗာပူးအသင်းနှစ်ဂိုးပြတ်နိုင်ဦးမှာ ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းသာ တစ်ဂိုးရသွားရင် စုံပေါ်ဖြစ်သွားနိုင်တာကြောင့် ဒီပွဲမှာ ဝက်စ်ဟမ်းအသင်း ဂိုးမရနိုင်ဘဲ လီဗာပူးတစ်သင်းတည်း သွင်းဂိုးရပြီး အနိုင်ရသွားမယ် ထင်ပါတယ်။ လီဗာပူးအသင်းက နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားပြီး ဘော်ဒီအနိုင်ရကာ ဂိုးပေါင်းကြေး ပြန်ထိန်းသွားနိုင်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လီဗာပူးဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးအောက်ကို အရံအနေနဲ့ ကာကစားစေချင်ပါတယ်။