၂၉. ၁၂. ၂၀၂၄
Written by Nay Moe
AA ၏ ကုန်သွယ်မှုကို ငြင်းဆိုပြီး ဗဟိုအစိုးရ၏ ကုန်သွယ်မှုကိုသာ လက်ခံမည်ဖြစ်ကြောင်းနှင့် AA လို အကြမ်းဖက် လက်နက်ကိုင်အဆင့်ကို ထိတွေ့ဆက်ဆံမည်မဟုတ်ကြောင်း၊ SAC အစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အရေး ပြေလည်အောင် ဖြေရှင်းပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန်တောင်းဆိုမှုများပြုလုပ်အပြီးတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသော AA က နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးလိုပါကြောင်း တောင်းဆိုထုတ်ပြန်လာသည်။
တောင်းဆိုထုတ်ပြန်ချက်တွင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော ULA/AA က ရခိုင်ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ လာရောက် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အဆိုပါ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ကိုလည်း လိုလားကြောင်း၊ လွန်ခဲ့သောနှစ်ကာလများ၌လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တက်ကြွသော ဦးဆောင်မှုအောက်တွင် တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုများပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖျင်) တိုက်ဖျက်ရေး စသည့်ကဏ္ဍရပ်များတွင် AA သာမက ကိုးကန့်၊ တအာင်း အဖွဲ့အစည်းများနှင့်အတူ “ဟိုင်ဂင်သဘောတူညီချက်” ရရှိသည်အထိ စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊ ယခုလည်း လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိကြောင်း AA ၏ ထုတ်ပြန်ကြေညာ တောင်းဆိုမှုတွင် ဖော်ပြထားသည်။
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ နယ်မြေကျူးကျော်လုယက်မှုများကြောင့် ပြည်သူသိန်းပေါင်းသန်းပေါင်းချီ စစ်ဘေးရှောင်ခဲ့ရပြီး ပြည်သူ့နေအိမ်များစွာဖောက်ထွင်းခံခဲ့ရသလို ပြည်သူရာချီလည်း အသက်သေဆုံးမှုကြောင့်
၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှစတင်ကာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ချေမှုန်းခံနေရသော MNDAA ၊ TNLA နှင့် AA တို့ သုံးဖွဲ့စလုံးသည် ယခုကာလတွင် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုပါကြောင်းလည်း အသီးသီးထုတ်ပြန်တောင်းဆိုနေကြရဖြစ်သည်။