၂၉. ၁၂. ၂၀၂၄
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေးစခန်းမှာ တာဝန်ကျနေတဲ့ တပ်မတော်သား ၃ ဦးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၆ နာရီဝန်းကျင်မှာ မြင်းုခြံ PDF တွေက လျှပ်တပြက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်စဥ်အတွင်း အရာခံဗိုလ်အဆင့်ရှိသူအပါအဝင် တပ်သား (၂)ဦး အရှင်ဖမ်းဆီးနိုင်ခဲဲ့ပေမဲ့ တပ်သားတစ်ဦးက ပြည်သူအကြား ထွက်ပြေး လွတ်မြောက်သွားခဲ့တာပါ။
ကျန်တဲ့ အရာခံဗိုလ်အပါအဝင် တပ်သားနှစ်ဦးကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဖမ်းဆီး ခေါ်ဆောင်လာချိန် ခုခံထွက်ပြေးတယ်ဆိုပြီး သတ်ဖြတ်လိုက်ကြတယ်လို့လည်း သိရပါတယ်။
ဒီစစ်ဆင်ရေးအတွင်း ပစ်သတ်ခံရတဲ့ တပ်သားနှစ်ဦးအပြင် MA 11 သေနတ်တစ်လက်၊ UZI သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်ပြောပါတယ်။
သုံးဦးသာရှိတဲ့ လုံခြုံရေးစခန်းငယ်ကို စီးနင်းသတ်ဖြတ်တဲ့ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နဲ့ ညီနောင်မဟာမိတ် Popa Guerilla Force (PGF)တို့ ပူးပေါင်း ကျုးလွန်ခဲ့တာ ဖြစ်ပါတယ်။
ပုံစာ။ မြင်းခြံ PDF နှစ်ဖွဲ့ ဖမ်းဆီးသတ်ဖြတ်လိုက်သူ အရာခံဗိုလ်နှင့် တပ်သား။