၂၈.၁၂. ၂၀၂၄
Written by Nay Moe
မုံရွာမြို့က ဒေသခံစီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်းကို ဓားပြတိုက်၊ သတ်ဖြတ်ခဲ့တဲ့ PDF ၆ ဦးကို ဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖက ပုံနဲ့တကွ ထပ်မံ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီအချိန်ခန့်မှာ မုံရွာမြို့နယ်၊ သလ္လာ အမှတ်(၄)ရပ်ကွက် မိုဃ်းကောင်းလမ်းအတွင်း ဖြစ်ပွားခဲ့တဲ့ လုပ်ငန်းရှင် အမျိုးသမီး မမိုးမိုးစံကို ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်ဖြစ်စဉ်မှာကျူးလွန်ခဲ့တဲ့ တရားခံတွေက ပစ်ခတ်မှုကျူးလွန်သူ – မင်းသန့် -အသက် ၁၈ နှစ်၊ (အဖအမည်-ဦးတိုင်းချစ်) ၊ အောင်လေး (ခ)ငသဲ- အသက် ၁၉ နှစ်၊(အဖအမည်- ဦးအောင်ကျော်မိုး) ငခန့် – အသက် ၂၂ နှစ်(အဖအမည်-ဦးပြုံးချို) အောင်ချမ်းဇင် -အသက် ၁၇ နှစ်၊(အဖအမည်-ဦးစိုးသိန်း) ဖြူဖြူငြိမ်း -အသက် ၂၀ နှစ်၊ (အဖအမည်-ဦးမြင့်ဦး)၊ လဲ့လဲ့မွန် -အသက် ၂၀ နှစ်၊(အဖအမည်-ဦးထွန်းလွင်) တို့ဖြစ်တယ် ပြောပါတယ်။
ဒီဖြစ်စဥ်မှာ ကျူးလွန်သူတွေက PDF တွေဖြစ်တယ်လို့ မြို့ခံပြည်သူတွေက ပြောပေမဲ့ မုံရွာပလဖက ပြစ်မှုကျူးလွန်သူတွေကို PDF လို့ မထုတ်ပြန်ပေမဲ့ ပြန်ပေးဆွဲ၊ လူသတ်၊ ကားလုသူတွေက PDF တွေလို့ မှတ်ချက်ပေးမှုတွေကို မုံရွာပလဖက အကုန်ဖျက်ပစ်နေတာကို တွေ့ရပါတယ်။
ပုံစာ။ PDF သတ်ဖြတ်ခံရသူမမိုးမိုးစံနဲ့ ကျူးလွန်သူ PDF ၆ ဦး ဖမ်းမိမှုမြင်ကွင်း။