၂၇.၁၂.၂၀၂၄
Written By Thandar
ဂီတလောကမှာ အသက်ကြီးငယ်မရွေး ပရိသတ်ချစ်ခင်အားပေးမှု ရရှိထားတဲ့ အကယ်ဒမီစိုင်းစိုင်းခမ်းလှိုင်က
နိုဝင်ဘာ ၂၇ ရက်မှာ စတင်ရိုက်ကူးခဲ့တဲ့ “ပဉ္စလက်မိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၆ ရက်မှာ ရိုက်ကူးပြီးစီးပြီမို့ မကြာခင်ရုံတင်နိုင်ဖို့ ကြိုးစားပါမယ်လို့ ဆိုပါတယ်။
“နိုဝင်ဘာ ၂၇ရက်မှာ စတင်ရိုက်ကူးခဲ့တဲ့ “ပဉ္စလက်မိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၆ ရက်မှာ ရိုက်ကူးပြီးစီးပါပြီ။ အလုံးစုံတော့ မဟုတ်သေးဘူး။ အတိုအထွာလေးတွေရိုက်ရပါဦးမယ်။” ကျွန်တော့်အတွက်တော့ တာဝန်နှစ်ခုယူခဲ့မိတဲ့အတွက် အပင်ပန်းဆုံး Project တစ်ခုပါပဲ။ အမြန်ဆုံးရုံတင်ဖို့ ကြိုးစားပါမယ်ခင်ဗျာ။ ရုပ်ရှင်ရိုက်တဲ့ Process ကို မသိသေးတဲ့ ကျွန်တော့် ပရိသတ်တွေအတွက် ရှင်းပြတာပါ။ ကျွန်တော်တို့ ရုပ်ရှင်စမရိုက်ခင် ကြိုတင်ပြင်ဆင်တဲ့ အဆင့် Preproduction Stage ဟာ ၆ လ ၁ နှစ်ကနေ တချို့ အဲ့ထက် အများကြီးပိုကြာတာတွေရှိပါတယ်” လို့ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်သိအောင် ပြောပါတယ်။
ဒါရိုက်တာမီးပွား ဦးဆောင်ညွှန်ကြားပြီး DP ကိုဖြိုးကျော်၊ DP ကိုအာနိုးတို့နှစ်ယောက်က ARRI Alexa နှစ်လုံးနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ်ဆောင်တွေအများကြီးနဲ့ Location နေရာပေါင်းများစွာပါဝင်ပါတယ်။
“ပဉ္စလက်မိုး”ရုပ်ရှင်ရိုက်ပြီးလို့ Post Production မှာလည်း Edit , Sound Design , Color , Music စတဲ့ အဆင့်ဆင့် အချိန်အများကြီးထပ်ယူရတဲ့အတွက် ချက်ချင်းရုံတင်ဖို့တော့ မဖြစ်နိုင်သေးပါဘူးလို့ ဆိုပါတယ်။
“ရုပ်ရှင်တစ်ကားထုတ်လုပ်မှုကို ရိုက်ကူးရက် ၁ လ ကြာတယ် ၂ လကြာတယ် တစ်ခုတည်းနဲ့ တွက်ချက်လို့မရဘဲ
Project စတဲ့အချိန်ကနေ ရုံပေါ်ရောက်တဲ့အထိက စသဖြင့် နှစ်ချီကြာတတ်ကြပါတယ်။ အတတ်နိုင်ဆုံးတော့ အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါမယ်နော်”လို့ သူက ဆက်ပြောပါတယ်။
“ပဉ္စလက်မိုး”ရုပ်ရှင်ဇာတ်ကားကြီးမှာ အဆိုတော် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ မေတိုးခိုင်၊ ပိုးမမှီသာ စတဲ့သူတို့က ပါဝင်သရုပ်ဆောင်ထားကြတာလည်းဖြစ်ပါတယ်။