၂၇. ၁၂. ၂၀၂၄
Written by Nyein Kyaw
မြဝတီနှင့် တာချီလိတ်နယ်စပ်ဒေသများတွင် ကုန်ပစ္စည်းရှင်းထုတ်ယူသည့် လုပ်ငန်းများအတွက် အခွန်ပေးဆောင်ခြင်းကို လာမည့် ဇန်နဝါရီလ ၁ ရက်မှစတင်၍ MACCS Online Payment System ဖြင့် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာထားသည်။
ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့် လုပ်ငန်းစဉ်များအတွက် အခွန်ငွေပေးဆောင်ရာတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် Deposit Payment Direct Payment ၊ Mobile banking၊ Internet Banking of Online Payment ဖြင့် အခွန်ငွေပေးဆောင်နိုင်ရန်အတွက် AYA Bank၊ KBZ Bank၊ CB Bank တို့နှင့် ပူးပေါင်းပြီး MACCS Online Payment System အား ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်မှစတင်၍ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်ဧရိယာ၌ အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ယခုအခါ MACCS Online Payment System အား မြဝတီ(H)နှင့် တာချီလိတ်(N2) နယ်စပ်ဒေသများတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
MACCS Online Payment System တွင် မိမိတို့၏ Mobile banking ၊ Internet Banking များမှတစ်ဆင့် Payment Statement Information ရရှိပြီးသည့် Import / Export Declaration No. များအား ကျသင့်အခွန်ငွေ တိုက်ရိုက်ပေးဆောင်ခြင်း (Direct Payment) နှင့် MACCS စနစ်ရှိ Deposit Account ထဲသို့ ငွေထပ်မံဖြည့်သွင်းခြင်း (Deposit Addition Only) လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
MACCS Online Payment System အသုံးပြုမှုနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက Help Desk Section ဖုန်းနံပါတ်- ၀၁-၃၇၉၄၂၉ (ရုံးချိန်အတွင်း)နှင့် သက်ဆိုင်ရာပုဂ္ဂလိကဘဏ် (AYA Bank ဖုန်းနံပါတ် ၀၁-၂၃၁၇၇၇၇ ၊ KBZ Bank ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅၅ ၊ KBZ Pay Call Center ဖုန်းနံပါတ် ၃၂၁၁ ၊ CB Bank ဖုန်းနံပါတ် ၀၁- ၂၃၁၇၇၇၀) များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။