MT News
Written by Thettant
အိမ်ထောင်စုလူဦးရေစာရင်းကောက်ခံသူများကို တိုက်ခိုက်ချေမှုန်းအရေးယူမည်ဟု NUG နှင့် PDF များက သတိပေး ခြိမ်းခြောက်စာများ ထုတ်ပြန်ထားသည်။
NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် အဆိုပါ လူဦးရေစာရင်းကောက်ခံမှု မပူးပေါင်းရန်နှင့် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် အားပေးအားမြှောက်ပြုဆောင်ရွက်ကြသည့် SAC ၏ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ကြေညာထားသည်။
ထို့အတူ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် အများပြည်သူလူထုအား အတင်းအကြပ် ဖိအားပေးကာ မဲစာရင်းကောက်ခံနေသူများအား တိုက်ခိုက်ခြေမှုန်းသွားမည်ဟု Generation-Y Guerilla အဖွဲ့က ခြိမ်းခြောက်ထားသလို Black Fox YGN UG ကလည်း မဲစာရင်းကောက်ခံသူများကို အရေးယူမည်ဟု ကြေညာထားသည်။