




၂၆ .၁၂ .၂၀၂၄
Wtitten by MMAK
မန်စီးတီး Vs အဲဗာတန်
ရလဒ်တွေအရမ်းဆိုးနေတဲ့ မန်စီးတီးအသင်း ဒီပွဲမှာ အကောင်းဆုံးပြန်လာနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းပါတယ်။ သို့ပေမဲ့ ကွင်းလယ်နဲ့နောက်တန်းက လူမစုံသလို ဂိုးသမားအီဒါဆင် မပါနိုင်သေးဘဲ ရှေ့တန်းက ဒိုကူ၊ ဂရေးလစ်ရှ်၊ ဆာဗင်ညိုတို့က ခြေစွမ်းကျဆင်းနေချိန်မှာ အသက်အရွယ်ရလာတဲ့ ဒီဘရိုင်းနဲ့ တိုက်စစ်မှူးဟာလန်းတို့က လုပ်ရကိုင်ရခက်ခဲနေတာမျိုး တွေ့ရပါတယ်။ အဲဗာတန်က ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ကို သရေခံကစားနိုင်ခဲ့သလိုမျိုး ဒီပွဲမှာလည်း မန်စီးတီးအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ မန်စီးတီးနောက်တန်းက အမှားများနေပြီး အချိန်မရွေး ဂိုးပေးရနိုင်တဲ့ အခြေအနေမှာ အဲဗာတန်အသင်းသာ တစ်ဂိုးလောက်ရသွားရင် မန်စီးတီးအသင်း သုံးဂိုးပြန်သွင်းဖို့ တော်တော်လေး ခက်ခဲနိုင်ပါတယ်။ မန်စီးတီးအသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားလို့ရတဲ့ ပေါက်ကြေးမှာ အောက်အသင်းဖြစ်တဲ့ အဲဗာတန်အသင်းကိုပဲ ရွေးချယ်ရမှာပါ။
ချဲလ်ဆီး Vs ဖူဟမ်
အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ကို သရေကစားနိုင်ခဲ့ပြီး အသင်းငယ်လေးဖြစ်တဲ့ ဆောက်သမ်ပ်တန်ကို အိမ်ကွင်းမှာ သရေကျအောင် ကစားခဲ့တဲ့ ဖူဟမ်အသင်း အခုကစားခဲ့ရမဲ့ လန်ဒန်ဒါဘီပွဲစဥ်မှာ ချဲလ်ဆီးအသင်းကို ဒုက္ခကောင်းကောင်း ပေးနိုင်မလား စောင့်ကြည့်ရမှာပါ။ ဒီပွဲစဥ်မှာ အိမ်ရှင်ချဲလ်ဆီးအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှူတိုင်းမှာ ချဲလ်ဆီးအသင်းက အသာရထားသလို ချဲလ်ဆီးအသင်းက ဖူဟမ်အသင်းကို ဘော်ဒီကြေး တစ်လုံးသရေလောက်ပဲ အမြင့်ဆုံးပေးထားခဲ့တာ တွေ့ရပေမဲ့ အခုပွဲစဥ်မှာ တစ်လုံးသုံးဆယ်အရှုံးပေါက်နေတဲ့ ချဲလ်ဆီးအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပြင်းရှနေပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဘော်ဒီကြေးကသာ တစ်လုံးသုံးဆယ်အစားလောက် ပေါက်မယ်ဆိုရင် ဖူဟမ်ဘော်ဒီကို ရွေးချယ်ရမှာ ဖြစ်ပေမဲ့ တစ်လုံးသုံးဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးမှာ ချဲလ်ဆီးအသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမယ်ဆိုတဲ့ ပေါက်ကြေးဖြစ်နေပါတယ်။ ဒီပေါက်ကြေးက ပြားသုံးဆယ်ရင်းပြီး အိမ်ရှင်ချဲလ်ဆီးအသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
နော်တင်ဟန်ဖောရက် Vs စပါး
စပါးအသင်းရဲ့ အမှားက တိုက်စစ်ကို အလွန်အကျွံ ကစားတတ်တာကြောင့် ခံစစ်က ပေးဂိုးတွေ အများအပြားခွင့်ပြုနေရပြီး ရလဒ်တွေဆိုးရွားနေတာ ဖြစ်ပါတယ်။ ဖောရက်အသင်းက ခံစစ်လုံခြုံအောင်ကစားပြီးမှ သွင်းဂိုးရအောင်ကစားတတ်တဲ့ အသင်းမျိုး ဖြစ်တာကြောင့် စပါးအသင်းရဲ့ ကစားပုံနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ တိုက်စစ်ဘယ်လောက်ကောင်းကောင်း ခံစစ်ကပေးဂိုးတွေ ခွင့်ပြုနေသရွေ့ ရလဒ်မကောင်းတတ်ဘူးဆိုတာ ဖောရက်အသင်းက သက်သေပြနေပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဖောရက်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ ဖောရက်အသင်းက စပါးအသင်းထက် ကစားပုံ ပိုကျစ်လစ်သလို အထက်ကြေးပေးထားတဲ့ အပြင် အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် ဖောရက်အသင်းကို ရွေးချယ်ကစားသင့်ပါတယ်။




ဆောက်သမ်ပ်တန် Vs ဝက်စ်ဟမ်း
အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်း ပြီးခဲ့တဲ့စနေညမှာ ကစားတုန်းခဲ့က ဖူဟမ်အသင်းက အမှတ်ပေးလို့ တစ်မှတ်ရခဲ့တယ်လို့ ပြော
လို့ရပါတယ်။ ဆောက်သမ်ပ်တန်အသင်းရဲ့ ခြေစွမ်းက ဘယ်လောက်ညံ့နေလဲဆိုရင် တစ်ဖက်အသင်းက အမှတ်ပေးမှ အမှတ်ရမဲ့အသင်းလို့တောင် ပြောလို့ရပါတယ်။ ဒီအချိန်မှာ ဝက်စ်ဟမ်းအသင်းက နိုင်ပွဲလိုအပ်နေပြီး အမှတ်လိုအပ်နေတဲ့ အသင်းမျိုးဖြစ်တဲ့အတွက် ဆောက်သမ်ပ်တန်အသင်းကို အမှန်အကန်ခြေစွမ်းနဲ့ အနိုင်ရအောင်ကန်လာမဲ့ အနေအထား ဖြစ်ပါတယ်။ နိုင်ပွဲလိုအပ်နေတဲ့ ဝက်စ်ဟမ်းအသင်းက ဆောက်သမ်ပ်တန်အသင်းကို ညှာမနေဘဲ အမှန်အကန်ကစားပြမယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အဝေးကွင်းဝက်စ်ဟမ်းအသင်းက ဘော်ဒီကြေးပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဆောက်သမ်ပ်တန်အသင်းက တစ်ပွဲတစ်ဂိုးတောင် မသွင်းနိုင်တာကို ဂိုးပေါင်းကြေး သုံးလုံးသရေထိပေါက်နေတယ်ဆိုရင် ဝက်စ်ဟမ်းအသင်း ဂိုးများများသွင်းနိုင်မှ ဂိုးပေါင်းကြေး အောင်မဲ့ သဘောမှာရှိပါတယ်။ ဝက်စ်ဟမ်းအသင်းက ဒီပွဲပြီးရင် လီဗာပူးနဲ့ မန်စီးတီးအသင်းတို့လို အသင်းကြီးတွေနဲ့ ကစားရမှာဖြစ်တဲ့အတွက် အမှတ်ရနိုင်ခြေ နည်းတာကြောင့် အခုပွဲမှာ ဆောက်သမ်ပ်တန်အသင်းကို သေချာပေါက် အနိုင်သုံးမှတ်ရအောင် ကစားပါလိမ့်မယ်။ ဝက်စ်ဟမ်းအသင်း သရေမကျနိုင်ဘဲ အနိုင်ရသွားမယ်လို့တောင် ယူဆထားတဲ့အတွက် ဝက်စ်ဟမ်းဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
နယူးကာဆယ် Vs အက်စတွန်ဗီလာ
နှစ်သင်းလုံးက နောက်ပိုင်းပွဲစဥ်တွေမှာ ရလဒ်တွေကောင်းနေပြီး ဂိုးသွင်းအားလည်း ကောင်းလာတာကို တွေ့ရပါတယ်။ နယူးကာဆယ်အသင်းက အိမ်ကွင်းဆိုရင် အသင်းကြီးတွေကိုတောင် တိုက်စစ်ဖွင့်ကစားတတ်တဲ့အတွက် ဗီလာအသင်းကိုလည်း တိုက်စစ်အသားပေး ကစားလာဦးမှာပါ။ ဗီလာအသင်းကလည်း ဂိုးပြန်သွင်းနိုင်တဲ့အတွက် ဒီပွဲက တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ်လို့ ထင်ပါတယ်။ အခုပွဲစဥ်မှာ အိမ်ရှင်နယူးကာဆယ်အသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ တိုက်စစ်က ဂိုးသွင်းသေချာတဲ့အသင်းတွေ ဖြစ်တဲ့အတွက် သုံးဂိုးလောက်မြင်ရဖို့က အခက်အခဲမရှိပါဘူး။ ဒီပွဲမှာတော့ ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
ဘုန်းမောက် Vs ခရစ္စတယ်ပဲလေ့စ်
ဘုန်းမောက်အသင်းရဲ့ ခြေစွမ်းက သိသိသာသာကို တိုးတက်လာပြီး ဥရောပဝင်ခွင့်နေရာတောင် ရောက်ရှိနေပါတယ်။ ဘုန်းမောက်အသင်းက ပုံမှန်အားဖြင့် တန်းဆင်းဇုန်အထက်နားလောက်မှာဘဲ ပုံမှန်ရှိနေတဲ့အသင်းမျိုး ဖြစ်ပေမဲ့ ဒီရာသီမှာ သူတို့အသင်း တစ်ခုခု လုပ်ပြချင်နေတယ်လို့ ထင်ပါတယ်။ ဘုန်းမောက်အသင်းမှာ ဆီမီညို ၊ ကူလီဗတ် ၊ ကွာတာရာ တို့က အသက်အရွယ်အရ အကောင်းဆုံးအချိန်ဖြစ်နေသလို အရည်အသွေးမြင့်တဲ့ ကစားသမားတွေ ဖြစ်တာကိုလည်း တွေ့ရပါတယ်။ ဒီအချိန်မှာ ဂိုးသမားကီပါက လက်စွမ်းပြနေပြီး အသစ်ဝယ်ထားတဲ့တိုက်စစ်မှူး အီဗန်နယ်ဆင်က အသင်းနဲ့ အထိုင်ကျလာချိန်မှာ ဘုန်းမောက်အသင်းရဲ့ ခြေစွမ်းနဲ့ရလဒ်က အရမ်းတိုးတက်လာတာကို တွေ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘုန်းမောက်အသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ဖြစ်ပါတယ်။ ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းက တည်ငြိမ်မှု အားနည်းနေပြီး အဝေးကွင်းကနေ လှန်နိုင်သွားဖို့ မဖြစ်နိုင်ဘဲ အနိုင်ရဖို့ဆိုရင် ဘုန်းမောက်အသင်းက အနိုင်ရသွားဦးမှာပါ။ ပုံစံကောင်းရနေတဲ့ အိမ်ရှင်ဘုန်းမောက်အသင်း ဒီပွဲမှာလည်း အနိုင်ရသွားဦးမယ်လို့ ယူဆထားတဲ့အတွက် ဘုန်းမောက်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
ဝုဗ် Vs မန်ယူ
ဘောက်ဆင်ဒေး မန်ယူဟာ ရလဒ်ကောင်းတတ်တယ်ဆိုတာ အားလုံးသတိထားမိကြမယ်လို့ ထင်ပါတယ်။ မန်ယူအသင်းက နည်းပြအပြောင်းအလဲ လုပ်ထားတာတောင် ရလဒ်တွေမကောင်းသေးဘဲ ရုန်းကန်နေရတာ ဖြစ်ပေမဲ့ ဒီပွဲက အနိုင်ရလဒ်နဲ့ ပြန်လာနိုင်တဲ့ပွဲပါ။ နည်းပြအသစ်နဲ့ ဝုဗ်အသင်း ပထမဆုံးပွဲမှာတင် လက်စတာအသင်းကို အဝေးကွင်းကနေ သုံးဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက် ဒီပွဲမှာ မန်ယူလိုအသင်းကို ထပ်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းလွန်းနေပြီး ပရီးမီးယားလိဂ်ဆိုတာ အဲဒီလောက်မလွယ်ကူကြောင်း ဝုဗ်နည်းပြသစ် ဗစ်တာပါရဲရားကို သက်သေပြဖို့ လိုပါတယ်။ ဒီပွဲမှာ မန်ယူအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူအသင်းနဲ့ ဂိုးပေါ် တစ်ခုခု ဖြစ်နိုင်သလို နှစ်ခုလုံးလည်း အောင်သွားနိုင်ပါတယ်။ ဒီညမှာတော့ ဘောက်ဆင်ဒေးမန်ယူကို ယုံကြည်မှုအပြည့် ပေးလိုက်ချင်ပြီး မန်ယူဘော်ဒီနဲ့ ဂိုးပေါ်ကို ကစားစေချင်ပါတယ်။
လီဗာပူး Vs လက်စတာ
လီဗာပူးအသင်းက အရမ်းကောင်းနေတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပေမဲ့ လက်စတာအသင်းကို ဘော်ဒီကြေးတောင် သုံးလုံးသရေထိ ပေးထားတာကတော့ အရမ်းပြင်းလွန်းနေပြီး ဂိုးပေါင်းကြေး လေးလုံးငါးဆယ်အရှုံး ပေါက်ပါတယ်။ စပါးအသင်းကို ဂိုးပြတ်အနိုင်ရပြီး စုံပေါ်အောင်သွားချိန်မှာ ဒီပွဲမှာရော ဂိုးပြတ်ကြီး ထပ်ကန်မလို့လားဆိုရင်တော့ မလုပ်ဘူးလို့ ပြောရမှာပါ။ လီဗာပူးကန်ချင်ရင်တော့ ရနိုင်ပေမဲ့ မလိုအပ်ဘူး မကန်ဘူးလို့ ပြောချင်တာပါ။ အန်ဖီးလ်ကွင်းမှာ လက်စတာလိုအသင်းကို ဆာလက် ၊ ဒိုင်ယက် ၊ အယ်လစ်စတာ ၊ ဆိုဘိုဆလိုင်းတို့မပါဘဲ အရံကစားသမားတွေ ဖြစ်တဲ့ နူနက် ၊ ဂတ်ပို ၊ ကားတစ်ဂျုန်းတို့နဲ့ ကန်ရင်တောင် နှစ်ဂိုးပြတ်လောက်နဲ့ အနိုင်ရနိုင်ပါတယ်။ နောက်နှစ်ရက်နေရင် ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲ ထပ်ကစားရမှာ ဖြစ်တဲ့အပြင် ပွဲတွေဆက်တိုက် ကစားရမဲ့ အခြေအနေမှာ အဓိကကစားသမားတွေကို အနားပေးလာတာမျိုးလည်း တွေ့ရနိုင်ပါတယ်။ လူစုံမထည့်လို့ ကြေးမအောင်ဘူးဆိုတဲ့ အချက်နဲ့ လက်စတာအသင်းက တစ်ဂိုးလောက်ရသွားရင် ငါးဂိုးထိ ပြန်သွင်းမှ ကြေးအောင်မဲ့လီဗာပူးအသင်းကို ဒီပွဲမှာတော့ ငြင်းပယ်ရမှာပါ။