၂၆.၁၂.၂၀၂၄
Written by Hey Mar
သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးတည်းမောင်းလာတဲ့ Range Rover အမျိုးအစားယာဉ်တစ်စီး မနေ့က ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၉နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာတောင်ညွန့်ကြီးရပ်ကွက်၊ စက်ရုံလမ်းမ၊ ၁၅ ပေကုန်းတံတားပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အောင်ရဲသူလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
မီးလောင်ရတဲ့ဖြစ်စဉ်က ကားရဲ့ ဘတ္ထရီကလစ်ခေါင်းချောင်နေရာကနေ အပူလွန်ကာ မီးပွင့်ထွက်လောင်ကျွမ်းခဲ့တာလို့ သွားရောက်မီးငြှိမ်းသတ်ပေးခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။ အဆိုပါမီးလောင်မှုမှာ လူထိခိုက်မှု မရှိခဲ့ဘဲ ကားအင်ဂျင်ခန်းတစ်ခုသာ လောင်ကျွမ်းခဲ့တယ်လို့လည်းသိရပါတယ်။
ကားမီးလောင်ကျွမ်းမှုဖြစ်စဉ်ကို မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်း၊ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်(၁)စီး ထွက်ခွာကူညီငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဒီဇင်ဘာ ၂၅ ရက်နေ့ တစ်ရက်တည်းမှာပဲ ကားမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မနက်အစောပိုင်းက လှည်းတန်းကုန်းတံတားပေါ်မှာ အရက်မူးပြီးမောင်းလာတဲ့ ပါရာဒိုကားတစ်စီးက တံတားပလက်ဖောင်းပေါ် ကျော်တက် ပွတ်တိုက်မောင်းရာက မီးပွင့်ပြီး တစ်စီးလုံးလောင်ကျွမ်းခဲ့တာပါ။