၂၅. ၁၂. ၂၀၂၅
Photo by Ye Kyaw
ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ ညပိုင်းမှာ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီကာဒီဒြယ်ဘုရားကျောင်းထံ လာရောက်သူအချို့နဲ့ စည်ကားခဲ့သလို ရန်ကုန်မြို့အတွင်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးအကြို မီးအလှဆင်ထားမှုတွေရဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
ဒီနေ့ ညမှာတော့ ခရစ္စမတ်သစ်ပင်တွေနဲ့ အလှဓာတ်ပုံရိုက်သူတွေအပြင် ဆောင်းရာသီရဲ့ ချမ်းအေးနေမှုကြောင့် ရန်ကုန်မြို့ရဲ့ တချို့နေရာတွေမှာလည်း မိသားစုလိုက် လေ့ကျင့်ခန်းလုပ်နေတာနဲ့ ကလေးငယ်တွေ ကစားနေတာတွေကိုလည်း တွေ့မြင်ရပါပေမဲ့ ခါတိုင်းနှစ်တွေထက်တော့ လူနည်းပါးမှု မြင်ရပါတယ်။