၂၅.၁၂.၂၀၂၄
Photo by Ye Kyaw
ယုဇနပလာဇာ အပေါ်ထပ် ၇ လွှာနဲ့ ယုဇနပလာဇာအနောက် စံပယ်လမ်းပေါ်မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအထိမ်းအမှတ် ဈေးရောင်းပွဲတော်နဲ့ ဖျော်ဖြေပွဲတွေကို ဒီနေ့စတင် ကျင်းပနေပြီဖြစ်ပါတယ်။
ယုဇနပလာဇာ အပေါ်ထပ် ၇ လွှာမှာတော့ ဈေးရောင်းပွဲတော်ကို ခရစ္စမတ်နေ့ ဒီနေ့ကစပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိကို မနက် ၅ နာရီကနေ ညနေ ၅ နာရီခွဲအထိ ကျင်းပနေတာဖြစ်ပြီး ဖုန်းနဲ့ဆက်စပ်ပစ္စည်း၊ စားသောက်ကုန်၊ အဝတ်အထည်၊ မြန်မာ့ရိုးရာလက်မှုပစ္စည်း၊ ဖိနပ်စတာတွေကို ရောင်းချပေးနေတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ အစနေ့ဖြစ်တာကြောင့် ပြင်ဆင်နေမှုတွေကြောင့် ဆိုင်ခန်းတွေ မစုံတာရယ်၊ လူသိနည်းသေးတာကြောင့် လာရောက်ဝယ်ယူသူနည်းသေးတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ယုဇနပလာဇာအနောက်ရှိ စံပယ်လမ်းမှာ ပြုလုပ်နေတဲ့ ဈေးရောင်းပွဲတော်နဲ့ ဖျော်ဖြေရေးပွဲတော်ကိုတော့ ဒီနေ့ကစလို့ ဒီဇင်ဘာ ၃၁ ရက်နေ့ညအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးကိုတော့ နေ့စဉ် ညနေ ၆ နာရီကနေစပြီး အခမဲ့ပြုလုပ်ပေးသွားမှာလို့ သိရပါတယ်။