၂၅.၁၂.၂၀၂၄
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပါဝင်မယ့် ရွှေကြိုမောင်မယ် နောက်ဆုံးအဆင့်ရွေးချယ်ပွဲကို လာမယ့် ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီမှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်း၊ အမှတ် (၁၆) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ရွှေရတုခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။
ဒီနောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ရွှေကြိုမောင်မယ်လောင်းတွေက ကျပမ်းဇာတ်ကောင်စရိုက်စတဲ့တွေ ပြင်ဆင်ပါဝင်ရမှာဖြစ်ပါတယ်။
ကျပမ်းဇာတ်ကောင်စရိုက်နဲ့ ခံစားချက်အမူအရာကို သရုပ်ဆောင်ပြခြင်းအနေနဲ့ ဥပမာ- ပညာတတ်တစ်ဦး အရက်မူးနေတဲ့အမူအရာ၊ လမ်းဘေးလူမိုက်အရက်မူးနေတဲ့ အမူအရာ၊ စာမေးပွဲကျတဲ့အရက်မူးသူရဲ့ အမူအရာ၊ ညစာစားပွဲမှာ အရက်မူးတဲ့အမူအရာစသဖြင့် အမူအရာတစ်မျိုးမျိုးကို ရွေးချယ်ရေးအဖွဲ့က ကျပမ်းခိုင်းစေစစ်ဆေးမှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တစ်ယောက်မှာ ရှိသင့်တဲ့အရည်အသွေးဆိုင်ရာ ဗဟုသုတကို ကျပမ်းမေးခွန်းတွေ မေးမြန်းစစ်ဆေးတာ၊ TikTok မှာ Trend ဖြစ်တဲ့ အကြောင်းအရာတွေအနက်က ကိုယ်နှစ်သက်တဲ့တစ်ခုကို ရွေးချယ်ရိုက်ကူး ဆော့ကစားပြီး ဒီရိုက်ကူးထားတဲ့ TikTok Video ကို ရွှေကြိုရွေးချယ်ရေးအဖွဲ့ရဲ့ Telegram +959880896957 ကို ဒီဇင်ဘာ ၂၇ ရက် ည ၁၀ နာရီ နောက်ဆုံးထားပေးပို့ရမှာဖြစ်ပါတယ်။
ဒီ TikTok Video ကို နောက်ဆုံးပြိုင်ပွဲနေ့ပြိုင်ပွဲအစီအစဉ် တိုက်ရိုက်ထုတ်လွင့်မှုကို ပြသမှာဖြစ်ပါတယ်။ ပရိသတ်ဆန္ဒမဲရယူဖို့ ပြိုင်ပွဲဝင်တွေရဲ့ Promo video အနေနဲ့ အကယ်ဒမီရွှေကြိုမောင်မယ် Facebook page မှာ ၂၀၂၄ ဒီဇင်ဘာ၂၈ ရက်နေ့က စတင် ဖော်ပြကြေညာမှာဖြစ်ပါတယ်။
နောက်ဆုံးအဆင့်ရွေးချယ်မှုကို ရွေးချယ်ရေးအဖွဲ့ရဲ့ အမှတ် ၆၀ ရာခိုင်နှုန်းနဲ့ ပရိသတ် ဆန္ဒမဲ ၄၀ ရာခိုင်နှုန်းထည့်သွင်းရွေးချယ်မှာဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေက ကိုယ်ရဲ့ ဆန္ဒမဲကို နည်းလမ်း၂ မျိုးနဲ့ ပါဝင်ဆန္ဒပြုနိုင်တယ်လို့ သိရပါတယ်။
တစ်မျိုးက Hey Play App က အခမဲ့ ဆန္ဒပြုမဲပေးလို့ရသလို ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီကနေ ဇန်နဝါရီ ၄ ရက် ည ၁၁ နာရီအတွင်း ၁ ရက်ကို ၁၀ မဲနှုန်းနဲ့ကြိုက်နှစ်သက်သူကို နေ့စဉ် ဆန္ဒမဲပေးနိုင်တယ်လို့သိရပါတယ်။
ဒါ့အပြင် Atom ရဲ့ SMS နံပါတ် 6666 @ SMS ကနေ လာမယ့် ဒီဇင်ဘာ၂၅ ရက် နေ့လယ် ၁နာရီကနေ ဇန်နဝါရီလ ၄ ရက်ည ၁၁ နာရီအတွင်း တစ်ရက်ကို SMS ၁၀ စောင်အထိ မိမိနှစ်သက်သူအတွက် နေ့စဉ် SMS တစ်စောင်ကို အခွန်ပါပြီးသား ၁၀၅ ကျပ်နဲ့ ဆန္ဒမဲ ပေးရမှာဖြစ်ပါတယ်။