၂၅.၁၂.၂၀၂၄
Written by Hey Mar
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးရာက အဆိုပါကျူးလွန်သူသေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဒီဇင်ဘာ ၂၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ် ။
ဖြစ်စဉ်က ပြင်ဦးလွင်မြို့ – ပွဲကောက်ကျေးရွာ ရေတံခွန်အနီးမှာ (၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက်(၆၀) အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်တာကြောင့် ပြည်သူတွေဝိုင်းရိုက်မိရာမှ အဆိုပါအမျိုးသားမှာ သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းထံ ဖုန်းဆက်အကြောင်းကြားတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်နဲ့ အသင်းက ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးရတာလို့ သိရပါတယ်။
သေဆုံးသူကို ပြင်ဦးလွင် အခမဲ့နာရေးကူညီမှုအသင်းက ယာဉ်နဲ့ သွားရောက် ခေါ်ဆောင်ပြီး ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနက စစ်ဆေး ဆောင်ရွက်ပြီးတဲ့အခါ ဆေးရုံကြီး မော်ကျူရီသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။