၂၅. ၁၂. ၂၀၂၄
Written by Nay Moe
သရုပ်ဆောင် ရန်အောင်ရဲ့ နေအိမ်ကို နိုဝင်ဘာ ၁၄ ရက်က ဗုံးခွဲခဲ့တဲ့ Dark Shadow PDF အဖွဲ့ကပါ ဖြူဖြူထွေးကို သတ်မယ်လို့ခြိမ်းခြောက်ထားကြောင်း Dark Shadow PDF အဖွဲ့ခေါင်းဆောင် Chan Nyein Thu က ဖော်ပြထားပါတယ်။
Food Panda မှာ ဒယ်လီပို့သူဘဝကနေ ပန်ဒါလေး၊ ရဲဘော်အရိပ်လို့ အမည်ပေးပြီး ရန်ကုန်မှာ ချောင်း မြောင်းသတ်ဖြတ် ဗုံးခွဲမှုတွေ ကျူးလွန်နေတဲ့ Dark Shadow ဦးဆောင်သူ ချမ်းငြိမ်းသူဟာ ဖြူဖြူထွေးအကောင့်ကို ဗုံးသီးတစ်လုံးနဲ့ စာပို့ပြီး ဖြူဖြူထွေးစီးတဲ့ကား၊ ဖြူဖြူထွေးအကို ကားဝပ်ရှော့၊ ဖြူဖြူထွေးနေအိမ် အကုန်သိတယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။
ဒါ့အပြင် Chan Nyein Thu အကောင့်ကနေ ဒီလိုခြိမ်းခြောက်မှု ဖော်ပြလာပြီး “၂၄ နာရီအချိန်ပေးထားလိုက်တယ် Viedo တော့ပြန်ဖျက်သွားပြီ ဒါပေမယ့် နေထိုင်သွားလာဂရုစိုက်ပါလို့ပဲမှာချင်တယ် Phyu Phyu Htwe” လို့ Tag တွဲ ခြိမ်းခြောက်ထားတာ တွေ့ရပါတယ်။
ဟောင်စု ပရုတ်ဆီကြေညာတဲ့ ဖြူဖြူထွေးကို ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူတွေက သတ်ဖြတ်ဖို့လှုံ့ဆော်နေပြီး Black Hero UG PDF ကပါ သတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာကို ဒီနေ့ ခရစ္စမတ်နေ့မှာ ပျံ့နှံ့လာသလို ဒေါ်အောင်ဆန်းစုကြည်၊ NUG နဲ့ PDF ထောက်ခံပြီး ဖြူဖြူထွေးအောင်မြင်မှု မနာလိုတဲ့ မီဒီယာတွေနဲ့ Facebook အကောင့်တွေကပါ ဖြူဖြူထွေးကို သတ်ဖို့ ဝိုင်းဝန်းလှုံ့ဆော် ဖော်ပြနေတဲ့အပြင် PDF ထောက်ပို့ ရွှေတင် (အေသင်ဇော်) ဆိုတဲ့ အမျိုးသမီးကလည်း ဖြူဖြူထွေးကို သတ်တဲ့ PDF အဖွဲ့ကို သိန်း ၃၀ ပေးမယ်လို့ မြူဆွယ်ထားတာ တွေ့ရပါတယ်။