◾ ရွှေတင်ဆိုသည့် အမျိုးသမီးက ဖြူဖြူထွေးကို သတ်သည့် PDF အဖွဲ့အား ကျပ်သိန်း ၃၀ ပေးမည်ဟုပါ လူမှုကွန်ရက်တွင် ရေးသား
၂၅. ၁၂. ၂၀၂၄
Written by Nay Moe
ဟောင်စု ပရုတ်ဆီကြေညာသည့် ဖြူဖြူထွေးကို ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူများက သတ်ဖြတ်ရန် လှုံ့ဆော်နေပြီး Black Hero UG PDF ကပါ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်စာကို ယနေ့ ခရစ္စမတ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ NUG နှင့် PDF ထောက်ခံသော မီဒီယာများနှင့် Facebook အကောင့်များက ဝိုင်းဝန်းလှုံ့ဆော် ဖော်ပြနေသည်။
ဟောင်စု ပရုတ်ဆီကြော်ငြာတွင် ဖြူဖြူထွေးက အင်္ကျီအဖြူဝတ်ကာ မယ်တော်အသွင်ယူပြီး နောက်ပါအမျိုးသမီး၊ LGBT အသွင်သရုပ်ဆောင်သူအမျိုးသားတစ်ဦးတို့ဖြင့် ပြောဆိုသော စကားအနည်းငယ်အနက် ၇ တစ်လုံးအပိုင်ပေးသည်ဟု ကောက်ယူသော နှစ်လုံးဂဏန်း ၇၉ ဆိုသည်နှင့် ဒိုးတော့ (၇၇) ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အသက်ကိုစော်ကားသည်ဆိုပြီး မဇ္ဇျိမ၊ ခေတ်သစ်မီဒီယာ၊ မောင်ထွန်းဝေ၊ မရွှေမိုး (ကိုရီးယား)၊ TNLA မှ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး Mai AMM La Ngean တို့က PDF တို့က ဖြူဖြူထွေးကို ဆုံးမသတ်ဖြတ်ရန် နှပ်ကြောင်းပေးရေးသားကြသလို Black Hero UG PDF ကပါ ဖြူဖြူထွေးကို သတ်ဖြတ်မည်ဟု စာထုတ်လာခြင်းဖြစ်သည်။ ထို့ပြင် “ရွှေတင်”ဆိုသော အမျိုးသမီးအသုံးပြုသည့် အကောင့်ကလည်း ဖြူဖြူထွေးကို သတ်ဖြတ်နိုင်သည့်အဖွဲ့ကို ကျပိသိန်း ၃၀ ပေးမည်ဟု လူမှုကွန်ရက်တွင် ဆုကြေးထုတ်ထားသည်ကို တွေ့ရသည်။
Black Hero UG PDF ၏ ထုတ်ပြန်စာတွင် “Cele ဖြဖြူထွေးသည် 23.12.2024 ရက်တွင် သူမ၏ လူမှုကွန်ရက် စာမျက်နှာတွင် ” ဟောင်စု ” ပရုတ်ဆီ ကြော်ညာအား ရိုက်ကူး၍ ကြော်ညာပေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ရိုက်ကူးထားသော ” ဟောင်စု ” ပရုတ်ဆီ ကြော်ညာသည် ကမ္ဘာတစ်ဝန်းက လေးစားကြည်ညို ချစ်ခင်အားထားရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား မဖွယ်မရာ မလေးမစား လှောင်ပြောင်၍ ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးထားသည် ကို တွေ့မြင်ရပါသည်။ Cele ဖြဖြူထွေးသည် စကစနှင့် ပတ်သက်သော ဖျော်ဖြေမှုများ ရှိသော်လည်း ခက်ခဲနွမ်းပါးသူများကို ကူညီထောက်ပံ့ ပေးနေသည့်အတွက် နားလည်မှုများစွာ ပေးခဲ့ပါသည်။ Cele ဖြူဖြူထွေး၏ လုပ်ရပ်သည် ယခုအခါနှင့် တစ်ကြိမ် တစ်ခါမျှသာ မဟုတ်တော့သည့်အတွက် ကျွန်တော်တို့ အနေနဲ့ ခွင့်လွှတ်ပေးတော့မည် မဟုတ်ကြောင်း အသိပေးကြေညာလိုက်ပါသည်(သတ်ပုံ ထုတ်ပြန်ချက် – မူရင်း) ဟု ကြေညာထားပြီး ဒေါ်အောင်ဆန်းစုကြည်၊ NUG နှင့် PDF ထောက်ခံသော မီဒီယာများ၊ Facebook အကောင့်များကလည်း ထိုထုတ်ပြန်ချက်ကို ထပ်ဆင့်မျှဝေကာ ဖြူဖြူထွေးကို သတ်ဖြတ်ရန် ဝိုင်းဝန်းလှုံ့ဆော်နေသည်။
MT News လေ့လာတွေ့ရှိချက်အရ ဖြူဖြူထွေးသည် ၂၀၀၇ ခုနှစ်ကတည်းက ထိုင်ဝမ်နည်းပညာဖြင့် အမှန်တကယ်ထုတ်လုပ်ဖြန့်ချိရောင်းချနေပြီး မြန်မာအမည် ဟောင်စု ဆေးပရုတ်ဆီ (Haosu Balm) ကို မြန်မာတို့က ရိုးရာကိုးကွယ်ယုံကြည်မှုအရ အားထားသော မယ်တော်အမည်တပ်ကာ စေတနာကြေးပြောပြီး ငွေတန်ဖိုးသင့်တောင်းခံရင်း သူမဆေးကုနေသည်မှာ ဟောင်စုဆေးပရုတ်ဆီသုံးကုသနေခြင်းဖြစ်၍ ထိုသည်ကိုသာ ရွာကသိသွားပါက ဆေးကုသ ရတော့မည်မဟုတ်ကြောင်း တင်ဆက်ထားသည်ကို ဒီမိုကရေစီလိုလားသည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်၊ NUG နှင့် PDF ထောက်ခံပြီး ဖြူဖြူထွေးအောင်မြင်မှုမရှုစိမ့်သော မီဒီယာများနှင့် Facebook အကောင့်များက ဒေါ်အောင်ဆန်းစုကြည်နှင့် အနည်းအကျည်းမျှပင် မသက်ဆိုင်သော ကြော်ငြာကို ဆတ်ဆတ်ထိမခံ အကျအနကောက်ကာ ဖြူဖြူထွေးကို သတ်ဖြတ်ရန်အထိပါ ဝိုင်းဝန်းလှုံ့ဆော်နေကြခြင်းဖြစ်ပြီး ဖြူဖြူထွေးကမူ အဆိုပါ ကြော်ငြာကို ပြန်ဖြုတ်ချထားသည်ကို တွေ့ရသည်။