၂၅.၁၂.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအစိုးရ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်း ဝမ်းရောဂါလူနာ ၂,၄၀၀ အတွက် ကုသရန် လုံလောက်သောဆေးဝါးများနှင့် ရန်ကုန်၊ ရခိုင်နှင့် မန္တလေးဒေသကြီးများအပါအဝင် အဓိကမြို့ကြီးများသို ကူးစက်ပျံ့နှံခဲ့သော ဝမ်းရောဂါဖြစ်ပွားမှုအတွက် ကာကွယ်ဆေး ၅,၀၀၀ ခန့်ကို မြန်မာနိုင်ငံသို့ ထောက်ပံ့မှုပြုပြီးခဲ့ကြောင်း၊ ကျန်ရှိသော ကာကွယ်ဆေး ၃,၅၀၀ ခန့်ကို လာမည့်အပတ်တွင် ဆက်လက်ပေးပို့သွားမည်ဟုလည်း သိရသည်။ တရားမဝင်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံအတွင်း ဝမ်းရောဂါကူးစက်ဖြစ်ပွားခဲ့မှု ၇,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း သတင်းများက ဆိုသည်။
ဖြစ်ပွားသူ ၃၀၀ ခန့်မှာ ထိုင်းနိုင်ငံ၊ တက်ပြည်နယ်အတွင်း မယ်ရမတ်ခရိုင်နှင့် နယ်စပ်ထိစပ်နေသော မြန်မာနိုင်ံငံအတွင်း ရွှေကုက္ကိုကျေးရွာတွင်ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
တက်ပြည်နယ်အတွင်းတွင်မူ မဲဆောက်ခရိုင်၌ ရောဂါဖြစ်ပွားသူ ထိုင်းနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦး စုစုပေါင်းလေးဦးကို ရောဂါကူးစက်ဖြစ်ပွားနေကြောင်းတွေ့ခဲ့ရပြီး ဆေးကုသမှုပေးနေကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက ဝမ်းရောဂါလူနာ ၂,၄၀၀ အတွက် လုံလောက်သည့် ဝမ်းရောဂါကုသဆေး ၂၄,၀၀၀ နှင့် ကာကွယ် ဆေး ၁,၄၈၂ လုံးကို မယ်ရမတ်ခရိုင် ဆေးရုံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ရောဂါဖြစ်ပွားနေမှုကို ကျော်လွှားနိုင်ရန် ကူညီပေးပို့ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ ကာကွယ်ဆေးက ဝမ်းရောဂါကို ခြောက်လအထိ ခံနိုင်ရည်ရှိမည်ဟုလည်း သိရသည်။
ပြည်သူလူထုကိုလည်း ချက်ပြုတ်ပြီးအစာကိုသာစားသုံးရန်နှင့် ကျိုချက်ပြီးရေကိုသာသောက်သုံးကြရန်၊ ဝမ်းရောဂါပိုးက လေထုအတွင်းမှ ပျံ့နှံ့ခြင်းမျိုးမဟုတ်ဘဲ အခြားသူများနှင့်ထိတွေ့မှု (သို့မဟုတ်) အတူ နေထိုင်စားသောက်မှုများတွင် တစ်ကိုယ်ရေ လက်သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ကြရန် ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။
Ref—–Bangkok Post