October 23, 2024

မူးယစ်ဆေးဝါး တရားမဝင်မှောင်ခိုသယ်ဆောင်သူ လက်နက်ကိုင်များ ထံမှ သိမ်းဆည်းရမိပစ္စည်းများကိုတွေ့ရစဉ်။

၁၀.၁.၂၀၂၃.
translated by Htwe Ko Tun

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်၊ ဖန်ခရိုင်အတွင်း ထိုင်းတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဘက်ခြမ်းမှ ဝင်ရောက်လာသူ မူးယစ်ဆေးဝါး တရားမဝင်မှောင်ခိုသယ်ဆောင်သူလက်နက်ကိုင်များ ဇန်နဝါရီ ၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြရာ လက်နက်ကိုင်ခြောက်ဦးသေဆုံးပြီး ကီတာမင်း(Ketamine) မူးယစ်ဆေးဝါး ၃၀၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းကြည်းတပ်မှ ဗိုလ်ချုပ် ဆူပါရက် ဆာသာပွန်ပိုလ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ် နယ်စပ်ဘက်မှ ထိုင်းနိုင်ငံဘက်သို့ တောအုပ်ကိုဖြတ်၍လျှောက်လာသည့် ကျောပိုးအိတ်များလွယ်ထားသော လက်နက်ကိုင် ၁၅ ယောက်မှ အယောက် ၂၀ ခန့်နှင့် ထိုင်းတပ်ဖွဲ့ဝင်များ ဖန်ခရိုင်အတွင်း ထိပ်တိုက်တွေ့ခဲ့ကြရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုင်းတပ်ဖွဲ့ဝင်များက ၎င်းတို့အား ရပ်တန့်ရန်ပြောသော်လည်း စတင်ပစ်ခတ်လာသဖြင့် ဆယ်မိနစ်ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် ထိုင်းတပ်ဖွဲဝင်များဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ လက်နက်ကိုင်ခြောက်ဦး၏အလောင်းများကို ရရှိခဲ့သည်။ ထိုအတူ ကီတာမင်း ၃၀၀ ကီလိုဂရမ်ပါသော ကျောပိုးအိတ် ၁၉ အိတ်နှင့်အတူ လုပ်သေနတ်သုံးလက်၊ မိုဘိုင်းဖုန်းလေးလုံးကိုလည်း သိမ်းဆည်းခဲ့သည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *