၂၄.၁၂.၂၀၂၄
Translated by Htwe Ko Tun
BRICS အဖွဲ့ကြီးအနေနဲ့ ရွေးချယ်ထားပြီးဖြစ်တဲ့ မိတ်ဖက်နိုင်ငံတွေအပြင် အခြားနိုင်ငံ ၂၀ ကျော်က စည်းစနစ်ကျနသောဆွေးနွေးပွဲတစ်ရပ် BRICS အုပ်စုကြီးနဲ့ပြုလုပ်သွားရန် စိတ်ဝင်စားသည်ဟု ပြသနေကြကြောင်းဖြင့် ရုရှားသမ္မတ၏ လက်ထောက် ယူရီယူရှာကော့ဗ်က ဒီဇင်ဘာလ ၂၃ ရက်က မီဒီယာများကို ပြောကြားခဲ့သည်။
ယူရီယူရှာကော့ဗ်က “BRICS အုပ်စုရဲ့ တံခါးတွေကို စိတ်သဘောထားတူညီတဲ့နိုင်ငံတွေအတွက်တော့ အမြဲတမ်း ဖွင့်လှစ်ထားပါတယ်။ လက်ရှိမှာတော့ နှစ်ဒါဇင်ကျော်လောက်ရှိမယ့်နိုင်ငံတွေက BRICS အုပ်စုကြီးနဲ့ စည်းစနစ်ကျနသောဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားကြဖို့ စိတ်ဝင်စားကြောင်း ပြသနေကြတယ်”ဟု ပြောခဲ့သည်။
၎င်းက အဆိုပါနိုင်ငံများတွင် အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘာကီနာဖာဆို၊ ကမ္ဘောဒီးယား၊ ချတ်ဒ်၊ ကိုလမ်ဘီယာ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတာဂီနီ၊ ဟွန်ဒူးရပ်စ်၊ လာအို၊ ကူဝိတ်၊ မော်ရိုကို၊ မြန်မာ၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ ဆီနီဂေါလ်၊ တောင်ဆူဒန်၊ သီရိလင်္ကာ၊ ဆီးရီးယား၊ ဗင်နီဇွဲလားနှင့် ဇင်ဘာဘွေနိုင်ငံများပါဝင်ကြောင်းလည်း ပြောခဲ့သည်။
ထို့ပြင် ယူရှာကော့ဗ်က အီရီထရီယားကဆိုလျှင် BRICS အုပ်စုနှင့် လက်တွဲလုပ်ဆောင်ရန် အလွန်စိတ်အားထက်သန်လျက်ရှိသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။
နောက်ဆုံးအနေဖြင့် ယူရှာကော့ဗ်က BRICS အုပ်စုကြီး ကို တိုးချဲ့လာနိုင်မှုကို ထိန်းချုပ်၍မရနိုင်သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ ၎င်းက မိမိတို့၏အားမာန်ပင်ဖြစ်ကြောင်း၊ BRICS အုပ်စုကြီးအနေဖြင့် ပုံမှန် ဟန်ချက်ညီစွာနှင့် တိကျသောခြေလှမ်းများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း နောက်ဆုံး ပြောကြားခဲ့သည်။
Ref- Tass