၂၄. ၁၂. ၂၀၂၄
Written by Nay Moe
NUG ရဲ့ ပသုံးလုံးလက်နက်ကိုင်တွေဟာ လူသတ်၊ မုဒိမ်းကျင့်၊ ဆက်ကြေးကောက်နေတာတွေနဲ့ လူသတ်မှုကျူးလွန်တာတွေ အဆက်မပြတ်လုပ်ဆောင်နေတာကို သတင်းဖော်ပြလေ့မရှိဘဲ ဖုံးကွယ်တင်ဆက်တတ်တဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနဟာ ဒီနေ့မှာတော့ “ဝက်လက်မြို့နယ်၊ မှော်ဦးကျေးရွာမှ ကိုယ်ဝန် ၃ လရှိသူ အိမ်ထောင်သည်အမျိုးသမီးအား မုဒိမ်း ကျင့်ခဲ့သူ ရပ်ကျေးပကဖ ခေါင်းဆောင်မောင်နိုင်ကို NUG တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်” ခေါင်းစဥ်နဲ့ သတင်းဖော်ပြလာပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ NUG ထောက်ခံတဲ့ ခေတ်သစ်သတင်းဌာနက ဖော်ပြရာမှာ “၂၀၂၄ ခုနှစ် မေလအတွင်း ဝက်လက်မြို့နယ်၊ မှော်ဦးကျေးရွာတွင် ကျေးရွာ ပကဖခေါင်းဆောင် မောင်နိုင်က အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန် ၃ လရှိသူ အမျိုးသမီးကို နေအိမ်အတွင်းဝင်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ပြီး အမှုဖွင့် တရားစွဲဆိုခဲ့ရာ NUG အစိုးရ၊ ဝက်လက်မြို့နယ်တရားရုံးက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ မောင်နိုင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း သိရသည်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ကျူးလွန်ခံရသူအမျိုးသမီးရဲ့ လင်ယောကျ်ားကလည်း PDF ဖြစ်ဖွယ်ရှိပြီး အမှုဖြစ်စဉ်ကို လိုက်ပါကူညီသူ အသိသက်သေတစ်ဦးက ခေတ်သစ်သတင်းဌာနထံ ပြောဆိုမှုအဖြစ်လည်း“ကောင်မလေးရဲ့ ယောက်ျားကို ကင်းစောင့်ခိုင်းပြီး အိမ်ပေါ်တက်မုဒိမ်းကျင့်တာ။ ကောင်မလေးက အော်တယ်။ ပတ်ဝန်းကျင်က ကြောက်လို့ သွားမတားရဲကြဘူး။ မုဒိမ်းကျင့်ပြီးတော့ ကောင်မလေးကို ဖော်ထုတ်ရင် ဓားနဲ့ထိုးမယ်၊ သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ မုဒိမ်းကျင့်တာက တစ်ခါတည်းပဲ။ ဒါပေမယ့် ဆေးရုံမှာ ၃ လသန္ဓေသားလေး ပျက်ကျခဲ့တာ။ အဲဒါကို အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၅ နှစ်တဲ့၊ ဝက်လက်မှာတော့ အလုပ်ကြမ်းမရှိဘူး” လို့ ပြောတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
ဝက်လက်က ပသုံးလုံးတွေဟာ NUG ရဲ့ ပသုံးလုံးတွေထဲ နာမည်ပျက်အများဆုံးဖြစ်ပြီး LPDF တွေကို မကြာခဏဖမ်းဆီးသတ်ဖြတ်မှု၊ အမျိုးသမီးတွေကို မကြာခဏ လိင်ပိုင်းဆိုင်ရာ ထိပါးသတ်ဖြတ်မှု ကျူးလွန်နေသလို NUG ကလည်း ဝက်လက်က ပသုံးလုံးတွေကို ပြစ်ဒဏ်သက်ညှာမှုတွေနဲ့ စီရင်လေ့ရှိသလို အခု ပဋိသန္ဓေအသက်ဝင်စ သုံးလကိုယ်ဝန်ပျက်ကျပြီး အသက်တစ်ချောင်းသေစေမှု၊ မုဒိမ်းမှု၊ ခြိမ်းခြောက်မှုကျူးလွန်တဲ့ မောင်နိုင်ကို သက်ညှာခဲ့သလိုမျိုးပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း အမျိုးသမီးချင်း ချစ်ကြိုက်နေတဲ့ ဝက်လက်မြို့နယ်၊ သခွတ္တောရွာက မယုမွန်ထိုက်ဆိုသူအမျိုးသမီးကို ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဒုတပ်ခွဲမှူးပြည့်ထွန်းနိုင် (ငပြည့်)က မိဘရှေ့တင် ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ပါသေးတယ်။ ဒီဖြစ်စဥ်ကို NUG က မယုမွန်ထိုက်နဲ့ ငပြည့်က သမီးရည်းစားပါလို့ လိမ်လည်ထုတ်ပြန်ပြီး ငပြည့်ကို နစကရဲ့ မြန်မာ့တပ်မတော်အက်ဥပဒေနဲ့ ထောင် ၁၀ နှစ်ပဲ ချတာကြောင့် ဝေဖန်ခံရမှုတွေလည်း ရှိခဲ့ပါသေးတယ်။
ပြည်ပထွက်ပြေးတဲ့ NUG ဟာ ပသုံးလုံးတွေကို ထိန်းကျောင်းနိုင်မှု၊ ထိထိရောက်ရောက်အရေးမယူမှုတွေကြောင့် ပသုံးလုံးအဖွဲ့တွေရဲ့ လူသတ်၊ မုဒိမ်းကျင့်၊ ဆက်ကြေးကောက်၊ စစ်ရာဇဝတ်မှုတွေ ပိုဆိုးရွားလာသလို မြေပြင်က လက်နက်ကိုင် ပသုံးလုံးတွေကလည်း လေလှိုင်းပေါ်က NUG ကို ဂရုမစိုက်တဲ့အပြင် အလုပ်ကြမ်းမရှိတဲ့ဝက်လက်က အချုပ်ခန်းလိုနေရာမှာ သက်ညှာတဲ့အပြစ်ဒဏ်ခံရတဲ့ မောင်နိုင်က တရားရုံးအမိန့်မချခင်မှာ အသိသေလိုက်ပေးသူတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ခေတ်သစ်သတင်းဌာနက ဖော်ပြထားပါတယ်။
ကိုယ်ဝန်သည်ကို ကိုယ်ဝန်ပျက်ကျအောင် မုဒိမ်းကျင့်တဲ့ ဝက်လက်ပကဖခေါင်းဆောင် မောင်နိုင်ရဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ NUG တရားရုံးနဲ့ ဝက်လက်ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေက လက်ရှိအချိန်အထိ တရားဝင်သတင်းထုတ်ပြန်မှုမရှိဘဲ ဖုံးဖိထားဆဲဖြစ်သလို ခေတ်သစ်သတင်းဌာနပို့စ်အောက်မှာလည်း ဒီအမှုဟာ မုဒိမ်းမှု၊ လူသတ်မှုဖြစ်လို့ ထောင်တစ်သက်တစ်ကျွန်း၊ သေဒဏ် စသဖြင့် နှစ်ဆယ်ချီပေးရမှာလို့ ဝေဖန်နေပြီး NUG ရဲ့ ကိုယ့်လူကိုယ် သက်ညှာမှုအပေါ် ဝိုင်းဝန်းဝေဖန်နေတာကို တွေ့ရပါတယ်။