၂၄.၁၂.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၃၅)၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း အုပ်ချုပ်ရေးမှူးဦးစန်းငွေ သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီ မိနစ်၂၀ ခန့်အချိန်က ရုံးလုပ်ငန်းများလုပ်ဆောင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းငွေအား အကြမ်းဖက် PDF တစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ရုံးမှာ တစ်ယောက်တည်းရှိတုန်း ဝင်ပစ်သွားတာ။ ခုက မိသားစုက ဆေးရုံကြီး ချက်ချင်းပို့လိုက်ကြတယ်။ ကျည်ခွံရတယ်။ အဲဒါပဲ သိရသေးတာ”ဟု အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူက MT News ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေတွင် ဝဲဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း၊ ယခုအခါ ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနတွင် ကုသမှုခံယူနေကြောင်းနှင့် ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ တာဝန်ရှိလုံခြုံရေးအဖွဲ့က ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရေး အသေးစိတ်ဆောင် ရွက်နေကြောင်း သိရသည်။