October 23, 2024

ဓာတ်ပုံ- နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့

၀.၁.၂၀၂၃

Written By Myo Khine

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး ကိုဗစ်ရောဂါဖြင့်သေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ နှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ကွယ်လွန်သူမှာ မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး ၊ချောက်မြို့နယ်၊ ထိန်ကန်အုပ်စု၊ ဆင်ကစံပြကျေးရွာမှ အသက် ၄၈ နှစ်အရွယ် ဦးအောင်အောင်ဖြစ်ကြောင်း သိရသည်။

“သူက ဇန်နဝါရီ ၄ ရက်နေ့က ဆုံးတာ။ တစ်နေ့က တနင်္ဂနွေမှာ သဂြိုလ်ပါတယ်။ အစတည်းက သူက လေငန်းဖြစ်နေတာ။ သူနဲ့တစ်ရွာတည်းသား ကိုကျော်ထူးက ကြည့်ပေးနေတာပေါ့။ ကိုကျော်ထူးကတစ်ဆင့် ကျွန်တော်တို့ အသင်းကို အကူအညီတောင်းတယ်။ ဒါကြောင့် ကလန်းဆေးရုံကြီးကို တင်ပေးထားတာ။ ဆေးရုံမှာ တစ်လကျော်လောက်ကြာတဲ့အထိ လမ်းမလျှောက်နိုင်ဘူး။ အပေါ့အလေးကအစ လူကူပါမှရတဲ့အခြေအနေနဲ့ နေခဲ့တာ ၃ လလောက် ကြာတယ်။ ပြီးခဲ့တဲ့ ၄ ရက်နေ့က ဆုံးတော့ ဆေးရုံကို ယူရတယ်။ ဆေးရုံမှာ စစ်လိုက်တော့ ကိုဗစ်လို့ ပြောလာတယ်။ ဒါကြောင့် ကိုဗစ်ထုံးစံအတိုင်း သဂြိုလ်ခဲ့ကြတယ်”ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ တာဝန်ရှိသူက MT News သို့ ပြောသည်။

ကွယ်လွန်သူဦးအောင်အောင်သည် မလေးရှားနိုင်ငံ အီပိုမြို့နယ်အတွင်း အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *