၂၃. ၁၂. ၂၀၂၄
Written by Nay Moe
ရဲဗလဆုရ အုပ်ချုပ်ရေးမှူးမိသားစုသုံးဦးကို ဝမ်းတွင်း PDF အဖွဲ့ဖြစ်တဲ့ “Wundwin Township Revolution Force” WTRF အဖွဲ့က မိသားစုလိုက်သတ်ဖြတ်လိုက်တယ်လို့ Voice of Wundwin က ဖော်ပြထားပါတယ်။
ရဲဗလဆုရ အုပ်ချုပ်ရေးမှူးဦးမောင်လွင်နဲ့ မိသားစုကို ပျူစောထီးခေါင်းဆောင်လို့ စွပ်စွဲပြီး ဒီဇင်ဘာ ၂၂ ရက်၊ ည ၉ နာရီအချိန်မှာ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု တမာကန်အုပ်ချုပ်ရေးမှူးဦးမောင်လွင်နဲ့မိသားစုဟာ ကျေးရွာတွေအပေါ် အလွန်အကျူး ဖိနှိပ်အနိုင်ကျင့်နေလို့ သတ်ပစ်လိုက်တာလို့လည်း WTRF အဖွဲ့က အကြောင်းပြချက်ပေးထားပါတယ်။
ဦးမောင်လွင်ကို ၂၀၂၁ အတွင်းကလည်း WTRF ကပဲ ပထမတစ်ကြိမ် ပစ်သတ်ရာမှာ အသက်မသေပေမဲ့ လမ်းမလျှောက်နိုင်တော့ချိန် ဦးမောင်လွင်ရဲ့သားနဲ့ဇနီးဟာ တမာကန်အုပ်စုကျေးရွာတွေဖြစ်တဲ့ တမာကန်၊ ကျောက်အိုး၊ မင်းကုန်း၊ တောင်ဆည်ရွာတွေကို တစ်အိမ်တစ်သောင်း စစ်မှုထမ်းအကြောင်းပြ ကောက်ခံတာ၊ လူငယ်ရှိတဲ့အိမ်ဆိုရင် ၃ သိန်း၊ ၅ သိန်း၊ ၁၀ သိန်းစီတောင်းတာ၊ သားကလည်း ပြည်သူ့စစ်သင်တန်းတက်တာကြောင့် သတ်လိုက်တာလို့လည်း ကျူးလွန်တဲ့ WTRF က အကြောင်းပြချက်ပေးထားပါတယ်။
ဦးမောင်လွင်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့မှာချီးမြှင့်တဲ့ ရဲဗလတံဆိပ်ရရှိသူဖြစ်ပြီး ဒီအပေါ်မှာ မန္တလေးတိုင်းအစိုးရက ထပ်ဆင့်ဂုဏ်ပြုလွှာကိုလည်း ဦးမောင်လွင်တို့ မိသားစုလိုက်ကိုသတ်ဖြတ်တဲ့ WTRF ကိုယ်စား Voice of Wundwin က ဖော်ပြထားပါတယ်။