၂၃.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံအတွင်း အက်ပလီကေးရှင်းဖျက်သိမ်းဖို့ပိတ်ပင်မှုနဲ့ ရင်ဆိုင်နေရတဲ့ TikTok ကို အနည်းဆုံးခေတ္တခဏပဲဖြစ်ဖြစ် အမေရိကန်မှာ ဆက်လက်လည်ပတ်ခွင့်ပေးဖို့ လိုလားတယ်လို့ ဒီဇင်ဘာလ ၂၂ ရက်မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရန့်က သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတုန်းကဆိုရင် သူ့အနေနဲ့ TikTok လူမှုကွန်ရက်မှာ ကြည့်ရှုသူ ဘီလျံနဲ့ ချီလို့ရခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့က ရှေးရိုးစွဲထောက်ခံသူအများအပြားနဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုအတွက် TikTok ကစကားပြောရာမှာ အောင်မြင်ခဲ့တာတွေကို ထရန့်က ရည်ညွှန်းပြောကြားခဲ့ပြီး ဒါ့ကြောင့်လည်း TikTok ကို အမေရိကန်ဈေးကွက်က ထွက်မယ့်အလားအလာကို သူ့အနေနဲ့ မလိုလားရခြင်းလို့ ဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အထက်လွှတ်တော်ကတော့ TikTok ရဲ့ တရုတ်မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကို TikTok အက်ပလီကေးရှင်းအား အမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုတွေကြောင့် အမေရိကန်နိုင်ငံအတွင်းမှ ဖျက်သိမ်းရန် ဥပဒေတစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ အတည်ပြုခဲ့ပါတယ်။
ByteDance ကုမ္ပဏီကလည်း ဒီဥပဒေကို တရားမဝင်ဖြစ်စေဖို့ကြိုးစားနေပြီး အမေရိကန်တရားရုံးချုပ်ကလည်း အမှုကို ပြန်လည်စဉ်းစားပေးဖို့ TikTok ရဲ့ လျှောက်ထားချက်ကို သဘောတူခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးချုပ်အနေနဲ့ ByteDance လိုလားသလို မဆုံးဖြတ်ဘဲ ဘယ်လိုပယ်ဖျက်မှုမျိုးမှ မရှိခဲ့ရင်တော့ TikTok အနေနဲ့ ထရန့် သမ္မတတာဝန်မယူခင် တစ်ရက်အလို ဇန်နဝါရီလ ၁၉ ရက်မှာ ထိရောက်တဲ့ ပိတ်ဆို့တားမြစ်ချက်ကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေပါတယ်။
ဒေါ်နယ်ထရန့်အနေနဲ့တော့ အထက်လွှတ်တော်မှာ တစ်ခဲနက်အတည်ပြုခဲ့ကြတဲ့ TikTok အက်ပလီကေးရှင်းကို အမေရိကန်နိုင်ငံအတွင်းမှ ပယ်ဖျက်ဖို့ နုတ်ထွက်အမိန့်အပေါ် ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာ ရှင်းရှင်းလင်းလင်းမပြောနိုင်ကြသေးပါဘူး။
တရားရုံးချုပ်က TikTok ရဲ့ ငြင်းခုံပြောကြားမှုတွေကို ဇန်နဝါရီလ ၁၀ ရက်မှာ ကြားနာမယ်လို့ သိရပါတယ်။
Ref- Reuters