၂၃. ၁၂.၂၀၂၄
Written by Nay Moe
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့က နောက်ဆုံးလက်ကျန် ခြေလျင်တပ်ရင်း အမှတ် – ၂၇၄ ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာ မင်းတပ်မြို့ကို သိမ်းနိုင်ပြီလို့ ချင်းညီနောင်(CB)အဖွဲ့က ဒီဇင်ဘာလ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့ကြပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ မင်းတပ်မြို့ကို အပြီးတိုက်ခိုက်သိမ်းခဲ့ကြတယ်လို့လည်း ပြောပါတယ်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို AA နဲ့ NUG သစ္စာခံတဲ့ ချင်းညီနောင်နဲ့ မဟာမိတ် Yaw Defense Force (YDF)၊ Yaw Army (YA) နဲ့ PDF မုံရွာခရိုင်တပ်ရင်း(၃) တို့ ပါဝင်တိုက်ခိုက်တယ်လို့လည်း ပြောသလို မြို့သိမ်းစစ်ဆင်ရေးမှာ ရခိုင်လက်နက်ကိုင် AA ဆီက စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူအပြင် စစ်ရေးဆိုင်ရာအကြံညဏ် တွေလည်း ရယူခဲ့တယ်လို့ ချင်းညီနောင်က ဝန်ခံပါတယ်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ အကျဉ်းသား ၁၃ ဦးကိုလည်း လွှတ်ပေးခဲ့သလို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ရဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း ချင်း PDF တွေကိုလည်း လေးစားဂုဏ်ယူတယ် ပြောပါတယ်။
AA နဲ့ NUG ကို လက်နက်ကိုင် သစ္စာခံတဲ့ ချင်းလက်နက်ကိုင် CNDF ၊ CDF ကန်ပက်လက်၊ CDF မတူပီ (တပ်မဟာ – ၁)၊ CDF မင်းတပ်၊ မရာလက်နက်ကိုင် MTC/MDF နှင့် Zoland Defence Force တို့ ပါဝင်တဲ့ ချင်းညီနောင် (Chin Brotherhood -CB) က ကန်ပက်လက်မြို့သိမ်းစစ်ဆင်ရေးကို မနေ့က စတင်ကြောင်းလည်းကြေညာထားပြီး တပ်စခန်းတွေ ဆုတ်ခွာသွားတာကြောင့် ကန်ပက်လက်ကို နေ့ချင်းသိမ်းနိုင်တယ်လို့လည်း ဆိုထားပါတယ်။
ချင်းပြည်နယ်မှာ AA နဲ့ NUG ကို သစ္စာခံတဲ့ ချင်းညီနောင် ထက် ချင်းတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စုဖွဲ့ထားတဲ့ ချင်းပြည်ကောင်စီ (Chinland Council – CC)ကိုသာ ချင်းတိုင်းရင်းသားတွေက နှစ်လိုကြပြီး ချင်းကျောင်းသူပါမချန် မုဒိမ်းကျင့်နေတဲ့ AA ဟာ ချင်းပြည်က ထွက်ခွာရေး GKO ရဲ့ထုတ်ပြန်မှု၊ ချင်းလူထု ဆန္ဒပြမှုနဲ့ ချင်းပြည်ကောင်စီရဲ့ လက်နက်ကိုင် CNA /CNF မဟာမိတ်တပ်ပေါင်းစုကလည်း AA ကို တိုက်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။