၂၂. ၁၂.၂၀၂၄
Wtitten by MMAK
◾ အဲဗာတန် Vs ချဲလ်ဆီး
လက်ရှိခြေစွမ်း အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ ချဲလ်ဆီးအသင်းကို အိမ်ရှင်အဲဗာတန်အသင်း ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ချဲလ်ဆီးအသင်းဟာ အဲဗာတန်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး တစ်ပွဲသရေကျကာ ငါးပွဲအထိရှုံးထားပါတယ်။ သို့ပေမဲ့ လက်ရှိခြေစွမ်းအရမှာတော့ ချဲလ်ဆီးအသင်းက အကောင်းဆုံးအနေထားမှာ ရောက်နေတဲ့အတွက် အဲဗာတန်အသင်းကို တစ်ဂိုးလောက်တော့ အနိုင်ရမယ်လို့ လူတိုင်းတွေးနေမှာပါ။ ဒီလိုအချိန်မှာ ချဲလ်ဆီးအသင်းရဲ့ ဘော်ဒီကြေး တစ်လုံးသုံးဆယ်စားဆိုတဲ့ ပေါက်ကြေးက အနည်းငယ်ပျော့နေပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ဘော်ဒီကြေးကို အနည်းဆုံး တစ်လုံးသရေလောက်ထိ ပေးသင့်တာ ဖြစ်ပေမဲ့ အနည်းငယ် ကြေးပျော့နေပြီး ဂိုးပေါင်းကြေးမှာ အနည်းငယ်ပြင်းရှနေပါတယ်။ ချဲလ်ဆီးအသင်းရဲ့ တစ်လုံးသုံးဆယ်စားဆိုတဲ့ ဘော်ဒီကြေးမှာ ချဲလ်ဆီးအသင်းကို လူကြိုက်များလာနိုင်သလို ဒီပွဲမှာ ချဲလ်ဆီးအသင်း ကြေးအပြည့်အောင်ဖို့ ခက်ခဲနိုင်တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ အဲဗာတန်အသင်းက ခံစစ်ပိတ်ကစားလာမှာ မဟုတ်ဘဲ ချဲလ်ဆီးအသင်းကို ယှဥ်ကစားလာနိုင်ပြီး အဲဗာတန်အသင်း ဂိုးရသွားနိုင်တဲ့ ပေါက်ကြေးလို့ မြင်ပါတယ်။ အိမ်ရှင်အဲဗာတန်အသင်း ဂိုးရနိုင်သလို ခြေစွမ်းကောင်းနေတဲ့ ချဲလ်ဆီးအသင်းလည်း ဂိုးရနိုင်တဲ့အတွက် ဂိုးပေါ်ရွေးချယ်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။
◾မန်ယူ Vs ဘုန်းမောက်
မန်ယူအသင်းရဲ့ ခြေစွမ်းက တည်ငြိမ်မှု မရှိသေးဘဲ ပိုကောင်းလာအောင် ပြင်ဆင်ဆဲအချိန်မှာပဲ ရှိပါသေးတယ်။ ဘုန်းမောက်အသင်းရဲ့ ခြေစွမ်းကတော့ လျှော့တွက်လို့မရတဲ့ အနေအထားဖြစ်ပြီး မန်စီးတီး၊ အာဆင်နယ်နဲ့ စပါးအသင်းတို့လို အသင်းကြီးတွေကိုတောင် အနိုင်ရထားသလို နောက်ဆုံးလေးပွဲဆက် မရှုံးထားပါဘူး။ မန်ယူအသင်းကို အမ်မိုရင်ကိုင်တွယ်ခဲ့တဲ့ပွဲတွေမှာ တိုက်စစ်က ဂိုးပိုရလာတာကို တွေ့ရသလို ဘုန်းမောက်အသင်း ဘယ်လောက်ခြေစွမ်းကောင်းနေပါစေ မန်ယူကွင်းမှာတော့ ခက်ခက်ခဲခဲကစားရဦးမှာပါ။ ဒီပွဲမှာ မန်ယူအသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ ကစားခဲ့တဲ့ ဖောရက်အသင်းနဲ့ အိမ်ကွင်းပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်းအနေနဲ့ အခုအိမ်ကွင်းပွဲမှာ ထပ်ပြီးတော့ အရှုံးခံမှာ မဟုတ်ပါဘူး။ ဒီပွဲက မန်ယူဘော်ဒီနဲ့ ဂိုးပေါ် တစ်ခုခုအောင်နိုင်သလို နှစ်ခုလုံးလည်း အောင်နိုင်ပါတယ်။ တစ်လုံးခြောက်ဆယ်စားဆိုတဲ့ ဘော်ဒီကြေးမှာ မန်ယူအသင်း သေချာပေါက် ဂိုးရမှာ ဖြစ်သလို သုံးလုံးသရေဆိုတဲ့ ဂိုးပေါင်းကြေးမှာ ဘုန်းမောက်အသင်းလည်း ဂိုးရပါလိမ့်မယ်။ မန်ယူအသင်းဂိုးရရင် တိုက်စစ်အသားပေး ကစားတတ်တဲ့ ဘုန်းမောက်အသင်းကလည်း ဂိုးပြန်ရနိုင်သလို ဘုန်းမောက်အသင်း ဂိုးစရခဲ့ရင်လည်း အိမ်ရှင်မန်ယူအသင်း ဂိုးပြန်သွင်းနိုင်ပါတယ်။ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာတင် နှစ်ဂိုးလောက်ထိ မြင်ရနိုင်တာကြောင့် ဂိုးပေါ်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။
◾ ဖူဟမ် Vs ဆောက်သမ်ပ်တန်
ဆောက်သမ်ပ်တန်အသင်းရဲ့ စုတ်ပြတ်နေတဲ့ ခြေစွမ်းက ယုံကြည်ဖို့ရာ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ ဖူဟမ်အသင်းက နောက်ဆုံးလေးပွဲမှာ စပါး ၊ အာဆင်နယ် ၊ လီဗာပူးအသင်းတို့ကို သရေကစားနိုင်ခဲ့ပြီး ဘရိုက်တန်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဖူဟမ်အသင်းရဲ့ ခြေစွမ်းက အကောင်းဆုံး အနေအထားမှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒီပွဲမှာ ဖူဟမ်အသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ငါးမှတ်သာရထားပြီး ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းကို ဘယ်ထိုးသားမှ အထင်ကြီးမှာ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ အိမ်ရှင်ဖူဟမ်အသင်း တစ်ဂိုးတော့အနိုင်ရမယ် ပြားလေးဆယ်နဲ့ အပြည့်စားရဖို့ဘဲ ကြည့်ရမယ်လို့ လူတိုင်းတွေးနေမှာပါ။ ဒီလိုအခြေအနေမှာ ဘယ်သူမှ ဆောက်သမ်ပ်တန်အသင်းကို နေချင်မှာမဟုတ်ပေမဲ့ ကျွန်တော်ကတော့ အရဲစွန့်ပြီး ရွေးချယ်ချင်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ ကစားခဲ့တဲ့ ဗီလာအသင်းနဲ့ ဆောက်သမ်ပ်တန်အသင်းနဲ့ ပွဲမှာဆိုရင် ဗီလာအသင်း အနိုင်ရသွားပေမဲ့ ကြေးရှုံးအောင် ကစားခဲ့သလိုမျိုး ဒီပွဲမှာ ဖူဟမ်အသင်းအနိုင်ရပြီး ကြေးရှုံးသွားမယ်လို့ ထင်ပါတယ်။ ဖူဟမ်အသင်းက အသင်းကြီးတွေကိုသာ သူတင်ကိုယ်တင် ကစားတတ်ပေမဲ့ အသင်းငယ်တွေနဲ့ဆိုရင်အားထည့် မကစားဘဲ အမှတ်ပေးချင်တဲ့ သဘောမှာ ရှိပါတယ်။ ဒီပွဲကို သရေကျသွားနိုင်တယ်လို့တောင် ယူဆထားပြီး ဖူဟမ်နိုင်ရင်တောင် တစ်ဂိုးနဲ့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ဆောက်သမ်တန်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾လက်စတာ Vs ဝုဗ်
ဝုဗ်အသင်းက ရလဒ်တွေဆိုးရွားနေပြီး တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့အတွက် နည်းပြဂယ်ရီအိုနေးလ်ကို ထုတ်ပယ်လိုက်ပြီး ပေါ်တူဂီလူမျိုး ဗစ်တာပါရဲရားကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ နည်းပြအသစ်က နိုင်ငံပေါင်းစုံက ကလပ်အသင်းဆယ်သင်းကျော်လောက်ကို နည်းပြလုပ်ခဲ့တဲ့အတွက် အတွေ့အကြုံရှိတဲ့ နည်းပြတစ်ယောက် ဖြစ်ပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အတွေ့အကြုံ မရှိသေးပါဘူး။ လက်စတာအသင်းကလည်း နည်းပြသစ်ခန့်အပ်ထားတာ မကြာသေးသလို ရလဒ်တွေလည်း သိပ်မဆိုးပါဘူး။ ဒီပွဲမှာ အဝေးကွင်း ဝုဗ်အသင်းက ပြားနှစ်ဆယ်အရှုံးပြန်ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ငါးဆယ်စား ပေါက်ပါတယ်။ မူလအစတုန်းက လက်စတာအသင်းက အထက်ကြေးပေးတာ ဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ဝုဗ်အသင်းကတောင် အထက်ကြေးပြန်ပေါက်နေတာ တွေ့ရပါတယ်။ လက်စတာအသင်းက ဝုဗ်အသင်းရဲ့အထက်မှာ ရပ်တည်နေသလို အိမ်ကွင်းလည်း ဖြစ်တာကြောင့် အထက်ကြေးပေးရမှာ ဖြစ်ပေမဲ့ ဝုဗ်အသင်းက အထက်ကြေး ပြန်ပေးနေတာဟာ စဥ်းစားစရာ ကောင်းပါတယ်။ လက်စတာအသင်းဆိုရင် ဒီပွဲပြီးရင် လီဗာပူး၊ မန်စီးတီး နဲ့ ဗီလာတို့လို အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားရမှာကြောင့် ရမှတ်တွေ ဆုံးရှုံးရမဲ့ အနေအထားတွေ ရှိနေချိန်မှာ ဒီပွဲကို အမှတ်ရဖို့ အားထည်းကစားရမှာ ဖြစ်ပေမဲ့ ကြေးကြောပြန်မပေးရဲပါဘူ ဒီလိုအခြေအနေမှာ ကြေးကြောပြန်မပေးနိုင်တဲ့ လက်စတာအသင်းကို မရွေးချယ်သင့်ပါဘူး။ ဒီလိုမျိုး ပေါက်ကြေးပြောင်းပြန်ပေါက်ရင် ကြေးပြန်ပေါက်တဲ့အသင်းက အသာရသွားမျိုး ခဏခဏတွေ့ရတာကြောင့် ဒီပွဲမှာ ဝုဗ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾စပါး Vs လီဗာပူး
စူပါဆန်းဒေးညရဲ့ Big match ပွဲစဥ်ဖြစ်ပြီး ဘယ်အသင်းအသာရသွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ လီဗာပူးအသင်းရဲ့ ခြေစွမ်းကို ထွေထွေထူးထူး ပြောစရာမရှိဘဲ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ စပါးအသင်းရဲ့ ခြေစွမ်းက တစ်ပွဲနဲ့တစ်ပွဲ မတူဘဲ အတက်အကျကြမ်းတယ်လို့ ပြောလို့ရပြီး အိမ်ကွင်းမှာဆိုရင် တိုက်စစ်အသားပေး ကစားတတ်ပါတယ်။ ဒီပွဲမှာ အဓိကပြောချင်တာက ဂိုးပေါင်းကြေးဖြစ်ပြီး လေးလုံးကို နှစ်ဆယ်စား ပေါက်ပါတယ်။ စပါးက အိမ်ကွင်းဂိုးသွင်းအား ကောင်းသလို နောက်ပိုင်းပွဲစဥ်တွေမှာ ဂိုးတွေအပြန်အလှန်သွင်းပြီး ဂိုးပေါ်တွေ အဖြစ်များနေတာကြောင့် ဒီပွဲမှာလည်း ဂိုးပေါ်ဦးမယ်ထင်အောင် ဂိုးပေါင်းကြေး အရမ်းကြမ်းပြနေတယ်လို့ ထင်ပါတယ်။ စပါးနဲ့ချဲလ်ဆီးပွဲမှာ ဂိုးပေါ်ခဲ့တာဟာ စပါးအသင်းက ဆယ်မိနစ်လောက်နဲ့ နှစ်ဂိုးရခဲ့တာကြောင့် ဂိုးပေါ်ခဲ့တာဖြစ်ပြီး မန်ယူအသင်းနဲ့ပွဲမှာ ဂိုးပေါ်ခဲ့တာက ဖလားပွဲဖြစ်တာကြောင့် အပြန်အလှန်တိုက်စစ်ဖွင့်ကစားကြပြီး ဂိုးသမားတွေ အမှားများခဲ့တာကြောင့် ဂိုးပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာကစားရမဲ့ လီဗာပူးအသင်းခံစစ်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ အချက်က အဓိကအချက် ဖြစ်နေပြီး စပါးအသင်း ဂိုးတွေအများကြီးသွင်းနိုင်ဖို့ ထင်သလောက်မလွယ်ဘဲ ဂိုးပေါ်သွားနိုင်ဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ အဝေးကွင်းမှာ ကစားရမဲ့ လီဗာပူးအသင်းကလည်း ဂိုးတွေအများကြီးသွင်းပြီး အနိုင်ယူဖို့မလိုဘဲ တစ်ဂိုးနဲ့လည်း နိုင်ပါတယ်။ ဒီပွဲက ထိုးသားတွေ ဂိုးပေါ်နေချင်အောင် ဂိုးပေါင်းကြေး အရမ်းပြင်းပြနေတယ်လို့ ယူဆထားပြီး ငါးဂိုးလောက်ထိ မရောက်နိုင်ဘူးလို့ ထင်ပါတယ်။ လေးဂိုးရောက်ဖို့တောင် သိပ်မလွယ်ဘဲ လေးဂိုးဖြစ်ရင်တောင် ပြားနှစ်ဆယ်ဘဲ ရှုံးမှာ ဖြစ်တဲ့အတွက် ဂိုးပေါင်းအောက်ကို ရွေးချယ်ကစားသင့်တဲ့ ပွဲစဥ်ဖြစ်ပါတယ်။
◾ဘိုချမ် Vs ဟိုက်ဒမ်ဟိမ်း
တန်းဆင်းဇုန်က အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်ပြီး အရှုံးအနိုင်အဖြေပေါ်အောင် ကစားနိုင်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ ဟိုက်ဒမ်ဟိမ်းအသင်းက ကြားရက်မှာ ကွန်းဖရင့်လိဂ်ပွဲကစား ကစားခဲ့ရသလို အမှတ်ပေးပွဲမှာဆိုရင်လည်း ရလဒ်တွေတော်တော်ဆိုးနေပါတယ်။ ဟိုက်ဒမ်ဟိမ်းအသင်းထက် ရလဒ်ပိုဆိုးနေတာက အိမ်ရှင်ဘိုချမ်အသင်းဖြစ်ပြီး ဆယ့်လေးပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲမှမရသေးဘဲ သုံးမှတ်သာရထားပြီး ဇယားအောက်ဆုံးမှာ အခြေအနေတော်တော်ဆိုးနေပါတယ်။ ဒီပွဲမှာ ဘိုချမ်အသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ သုံးမှတ်သာရထားတဲ့ အိမ်ရှင်ဘိုချမ်အသင်းအနေနဲ့ ရလဒ်တွေဆိုးနေတဲ့ ဟိုက်ဒမ်ဟိမ်းအသင်းနဲ့ တွေ့နေချိန်မှာ နိုင်ပွဲရအောင် ကြိုးစားလာမဲ့ ပွဲစဥ်ဖြစ်ပါတယ်။ အညံ့ချင်းတူနေရင်တောင် အိမ်ကွင်းမှာကစားရမဲ့ ဘိုချမ်အသင်းက ပိုအသာရသလို ကြားရက်မှာ တစ်ပွဲပိုကစားထားရတဲ့ ဟိုက်ဒမ်ဟိမ်းအသင်းရဲ့ ကစားသမားတွေ ပွဲပန်းမှုတွေ ရှိနေနိုင်ပါတယ်။ ဘိုချမ်အသင်းရဲ့ ဘော်ဒီကြေးပြားငါးဆယ်လောက်ဆိုတဲ့ ပေါက်ကြေးကလည်း အိမ်ရှင်ဘိုချမ်အသင်းအနိုင်ရသွားနိုင်ပြီး ပထမဆုံးနိုင်ပွဲ ရသွားနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရအောင် အားထည့်ကစားလာမဲ့ ဘိုချမ်အသင်း သရေနဲ့ အနိုင်တစ်ခုခုဖြစ်နိုင်ပြီး အနိုင်ရသွားမယ်လို့ ထင်နေတာကြောင့် ပြားငါးဆယ်ရင်းပြီး ဘိုချမ်ဘော်ဒီကို ရွေးချယ်ကစားသင့်ပါတယ်။