၂၁. ၁၂. ၂၀၂၄
Translated by Thettant
အစ္စလာမ္မစ်အစွန်းရောက် ဆော်ဒီဆရာဝန်ရဲ့ ခရစ္စမတ်စျေးပွဲတော်လူအုပ်ကို ကားနဲ့ဝင်တိုက်မှုဖြစ်ရပ်က လူ ၂၀၀ ကျော်ဒဏ်ရာရပြီး စိုးရိမ်ရသူ ၄၀ ကျော်နဲ့ သေဆုံးသူ ၅ ဦးဖြစ်လာတယ်လို့ ဂျာမနီအာဏာပိုင်တွေ ထုတ်ပြန်တဲ့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။
ဂျာမနီနိုင်ငံအရှေ့ပိုင်း ဆက်ဇိုနီအန်းဟော့ပြည်နယ်ရဲ့ မြို့တော် မက်ဒီဘတ်ဂ်မှာ ကျင်းပနေတဲ့ ခရစ္စမတ်စျေးပွဲတော်ထဲကို ဒီဇင်ဘာ ၂၀ ရက် ည ၇ နာရီခန့်အချိန်မှာ အသက် ၅၀ ခန့်အရွယ် ဆော်ဒီဆရာဝန်က ကားတစ်စီးကို အရှိန်ပြင်းပြင်းမောင်းလာပြီး ဝင်ရောက်တိုက်ခိုက်တာကြောင့် စျေးပွဲတော်အတွင်းက လူတွေကို ပေ ၁၂၀၀ ခန့်အထိကို မောင်းဝင်တိုက်မိခဲ့တာပါ။
“ဒါဟာ ဆိုးရွားပြီး ကြေကွဲစရာ ဖြစ်ရပ်ပါပဲ” လို့ အခင်းဖြစ်ရာမက်ဒီဘတ်ဂ်မြို့ကိုရောက်လာတဲ့ ဂျာမနီအဓိပတိ Olaf Scholz က ပြောကြားခဲ့ပြီး လူ ၄၀ နီးပါး ဒဏ်ရာပြင်းထန်စွာ ရတဲ့အတွက် ဒီလူတေကိုလည်း အလွန်စိုးရိမ်ရမှာဖြစ်သလို သေဆုံးသူမြင့်တက်လာနိုင်ခြေလည်း ရှိနေပါတယ်။
VOA အပါအဝင် ပြည်ပသတင်းဌာနတွေကတော့ တိုက်ခိုက်သူ ဆော်ဒီနိုင်ငံသားဆရာဝန်ဟာ အစ္စလာမ်ဘာသာဝင်ဟောင်းလို့ ဖော်ပြပြောဆိုထားကြောင်း၊ အစ္စလာမ်ဘာသာစွန့်လွှတ်သူတွေကို ဂုဏ်ပြုကြောင်း၊ အစ္စလာမ္မစ်အစွန်းရောက်တွေ ဥရောပမှာသောင်းကျန်းလာတာကို တိုက်ဖျက်ဖို့ ဂျာမနီအစိုးရက ထိထိရောက်ရောက်မလုပ်ဘူးလို့ စွပ်စွဲသူဖြစ်ကြောင်း ဖော်ပြထားပေမဲ့ အာဏာပိုင်တွေကတော့ ဒီအစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်မှုကို တမင်တကာတိုက်ခိုက်မှုလို့ ယူဆထားပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
Ref, NBC News & VOA
ပုံစာ။ အစ္စလာမ္မစ်အစွန်းရောက်ဆော်ဒီဆရာဝန်က ကားနှင့်ဝင်တိုက်သည့်မြင်ကွင်းနှင့် တရားခံ ဖမ်းဆီးမှုမြင်ကွင်း (Photo BBC & Jero)