၂၁. ၁၂. ၂၀၂၄
Wtitten by MMAK
◾အက်စတွန်ဗီလာ Vs မန်စီးတီး
မန်စီးတီးအသင်းနဲ့ ဂွါဒီယိုလာအတွက် အခက်ခဲဆုံးအခြေအနေတွေကို ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ နောက်ဆုံးဆယ့်တစ်ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး နှစ်ပွဲသရေကျကာ ရှစ်ပွဲထိရှုံးထားတဲ့အတွက် ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။ ကွင်းလယ်ပိုင်းက အားနည်း ချက်များလာတာကြောင့် နောက်တန်းကစားသမားတွေပါ အမှားများလာပြီး ခံစစ်ပိုင်းက အချိန်မရွေး ဂိုးပေးနေရပါတယ်။ ဗီလာအသင်းရဲ့ ခြေစွမ်းက တည်ငြိမ်မှု ပြန်ကောင်းလာတာ တွေ့ရပြီး လက်ရှိခြေစွမ်းအရ မန်စီးတီးအသင်းအနေနဲ့ ဗီလာအသင်းရဲ့ အိမ်ကွင်းမှာ အနိုင်ရဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒီပွဲမှာ အဝေးကွင်းမန်စီးတီးအသင်းက ဘော်ဒီကြေးပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်ပါတယ်။ အရင်ရာသီက မန်စီးတီးအသင်း အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားချိန်မှာ ဘော်ဒီကြေး တစ်လုံးစား ပေးခဲ့တဲ့ ပေါက်ကြေးမှာတောင် ကြေးမအောင်ခဲ့ပါဘူး။ အခုပွဲစဥ်မှာ မန်စီးတီးအသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ပြားခြောက်ဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးက မန်စီးတီးအသင်း အနိုင်ရပြီး ကြေးအောင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေလို့ သုံးသပ်ရမှာပါ။ မန်စီးတီးအသင်းရဲ့ နောက်တန်းက ဗီလာအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို သေချာပေါက် ဂိုးပေးရနိုင်တဲ့အတွက် အိမ်ရှင်ဗီလာအသင်း ဂိုးရဖို့ ရှိပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဗီလာအသင်း မရှုံးနိုင်ဘူးလို့ ယူဆထားပြီး အနိမ့်ဆုံးသရေလောက်ကနေ စကြည့်ရမယ်ထင်တာကြောင့် ဗီလာအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾အစ်ဆွချ် Vs နယူးကာဆယ်
တန်းတက်အသင်းလေး အစ်ဆွချ်ရဲ့ ခြေစွမ်းက သိပ်မဆိုးဘူးလို့ ပြောလို့ရပြီး ခံစစ်က ပေးဂိုးများတယ်ဆိုပေမဲ့ တိုက်စစ်က ဂိုးရအောင် ပြန်သွင်းနိုင်ပါတယ်။ ဒီပွဲပြီးရင် အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့လို့ အသင်းကြီးတွေနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် အခုအိမ်ကွင်းပွဲမှာ အမှတ်ရအောင် ကြိုးစားလာနိုင်ပါတယ်။ နယူးကာဆယ်အသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ဂိုးသွင်းအား ကောင်းလာတာကို တွေ့ရသလို ခံစစ်ကလည်း ပေးဂိုးတွေ များနေတာကို တွေ့ရပါတယ်။ နယူးကာဆယ်အသင်းကလည်း ဒီပွဲပြီးရင် ဗီလာ ၊ မန်ယူ ၊ စပါး အသင်းတို့နဲ့ ပွဲကြပ်တွေ ကစားရမှာ ဖြစ်တဲ့အတွက် ဒီပွဲကို အနိုင်သုံးမှတ်ရဖို့ ဦးတည်ကစားလာမှပါ။ အဝေးကွင်း နယူးကာဆယ်အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ဖြစ်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် နှစ်သင်းလုံး ဂိုးရနိုင်ပြီး တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ် ထင်ပါတယ်။ အရှုံးအနိုင် အဖြေပေါ်အောင် ကစားနိုင်တဲ့ ပွဲစဥ်မျိုးဖြစ်ပြီး သုံးဂိုးလောက်က အသာအယာ မြင်တွေ့ရနိုင်တာကြောင့် ဂိုးပေါင်းအပေါ်တစ်မျိုးတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾ဘရန့်ဖို့ Vs နော်တင်ဟန်ဖောရက်
ဘရန့်ဖို့အသင်းက အဝေးကွင်းခြေစွမ်းစုတ်ပြတ်နေပေမဲ့ အိမ်ကွင်းခြေစွမ်းက ထိပ်ဆုံးက လီဗာပူးအသင်းထက်တောင် ရလဒ်ပိုကောင်းပါတယ်။ ဖောရက်အသင်းကလည်း ဒီရာသီမှာ တော်တော်လေးခြေစွမ်းကောင်းနေပြီး နောက်ဆုံးနှစ်ပွဲမှာ မန်ယူအသင်းကို အဝေးကွင်းကနေ အနိုင်ရခဲ့သလို ဗီလာအသင်းကိုလည်း အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ အဆင့်လေးက ဖောရက်အသင်းအနေနဲ့ အသင်းကြီးတွေတောင် အနိုင်ကန်ထားနိုင်ပေမဲ့ ဒီပွဲမှာ အထက်ကြေးမပေးရဲပါဘူး။ အိမ်ရှင်ဘရန့်ဖို့အသင်းက ဘော်ဒီကြေးပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ပေါက်ပါတယ်။ တကယ်တော့ ဖောရက်အသင်းကတောင် ပြားနှစ်ဆယ်အရှုံးလောက် ပြန်ပေးသင့်တာ ဖြစ်ပေမဲ့ အိမ်ကွင်းကောင်းလွန်းတဲ့ ဘရန့်ဖို့အသင်းကို ကြေးကြောမပေးနိုင်ဘဲ ဘရန့်ဖို့အသင်းကတောင် အထက်ကြေးပြန်ပေးထားတာ ဖြစ်ပါတယ်။ အိမ်ကွင်းရှုံးပွဲလုံးဝမရှိသေးသလို အိမ်ကွင်းတိုက်စစ်အရမ်းကောင်းတဲ့ ဘရန့်ဖို့အသင်း မရှုံးနိုင်ဘူးလို့ဘဲ ယူဆပါတယ်။ သရေနဲ့ အနိုင်ပဲ ကြည့်ရနိုင်တာကြောင့် ပြားနှစ်ဆယ်ရင်းပြီး အိမ်ရှင်ဘရန့်ဖို့အသင်းကို ရွေးချယ်ရဦးမှာပါ။
◾ဝက်စ်ဟမ်း Vs ဘရိုက်တန်
ခြေစွမ်းအကျဘက်ကို ရောက်နေတဲ့ ဘရိုက်တန်အသင်း တန်းဆင်းဇုန်နားက ပဲလေ့စ် ၊ လက်စတာနဲ့ ဆောက်သမ်ပ်တန်တို့လို့ အသင်းတွေကိုတောင် အနိုင်ရအောင် မကစားနိုင်ဘဲ သွင်းဂိုးတွေ အများအပြားခွင့်ပြုထားရချိန်မှာ ဝက်စ်ဟမ်းလိုအသင်းကို အဝေးကွင်းကနေ အနိုင်ရဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဝက်စ်ဟမ်းအသင်းရဲ့ ခြေစွမ်းက ဘရိုက်တန်အသင်းကို အကောင်းဆုံးယှဥ်ကစားနိုင်တဲ့ အဆင့်မှာ ရှိပါတယ်။ ဒီပွဲမှာ အဝေးကွင်းဘရိုက်တန်အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ဖြစ်ပါတယ်။ ဂိုးပေါင်းကြေး ပြင်းရှနေတာကို တွေ့ရတာကြောင့် နှစ်သင်းလုံး ဂိုးရနိုင်ချေရှိပေမဲ့ အိမ်ရှင်ဝက်စ်ဟမ်းအသင်း မရှုံးနိုင်ဘူးလို့ ထင်ပါတယ်။ ဘရိုက်တန်အသင်းရဲ့ ခံစစ်က ယုံစားလို့မရတဲ့ အနေအထားကြောင့် အိမ်ရှင်ဝက်စ်ဟမ်းအသင်း သေချာပေါက် ဂိုးရနိုင်တယ်လို့ ယူဆထားပြီး နှစ်ဂိုးလောက်ထိ ရသွားနိုင်တာကြောင့် ဝက်စ်ဟမ်းအသင်းကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့အိမ်ကွင်းမှာ အနိမ့်ဆုံးသရေလောက်တော့ ကစားနိုင်တယ်လို့ ထင်တဲ့အတွက် ဝက်စ်ဟမ်းဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ခရစ္စတယ်ပဲလေ့စ် Vs အာဆင်နယ်
လွန်ခဲ့တဲ့ နှစ်ရက်ကတောင် ဖလားပွဲကစားခဲ့ကြပြီး အာဆင်နယ်အသင်းက သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပဲလေ့စ်အသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းကောင်းလာတာကို တွေ့ရတာကြောင့် အာဆင်နယ်အသင်းကို ဒုက္ခကောင်းကောင်း ပေးနိုင်ပါတယ်။ ဖလားပွဲမှာတုန်းက အိမ်ရှင်အာဆင်နယ်က တစ်လုံးငါးဆယ်စားနဲ့ ဂိုးပေါင်းကြေးသုံးလုံးသရေလောက်ထိ ပေးခဲ့ပေမဲ့ အခုပွဲမှာ အဝေးကွင်းအာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်နေပါတယ်။ ဖလားပွဲနဲ့ အမှတ်ပေးပွဲ ကြေးကွာဟချက်ရှိတာ မှန်ပေမဲ့ ဒီပွဲကြေးပေါက်က တော်တော်လေး စဥ်းစားစရာ ကောင်းနေပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်သလို အဝေးကွင်းလာကစားရမဲ့ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေးက ကြေးမှန်တယ်လို့ပြောလို့ ရပေမဲ့ ဂိုးပေါင်းကြေး သိသိသာသာ လျော့ကျနေတာကို တွေ့ရပါတယ်။ ပဲလေ့စ်အသင်းက နောက်ဆုံးခြောက်ပွဲဆက် ဂိုးသွင်းထားနိုင်သလို ကြားရက်မှာကစားခဲ့တဲ့ ဖလားပွဲမှာတောင် သုံးဂိုးနှစ်ဂိုးနဲ့ ဂိုးပေါ်ခဲ့သေးတာကို ဒီပွဲရဲ့ ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးက ဂိုးပေါ်ခေါ်နေတယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ မမြင်တွေ့ရနိုင်ဘဲ အာဆင်နယ်အသင်း နိုင်ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ယူဆထားတဲ့အတွက် ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။
◾ဟော့ဖန်ဟိမ်း Vs ဂလာဘတ်
ဟော့ဖန်ဟိမ်းအသင်းက နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲပျောက်နေပြီး အခုအိမ်ကွင်းပွဲမှာ ရလဒ်ကောင်းအောင် ကြိုးစားလာမှာပါ။ အိမ်ကွင်းဆိုရင် တိုက်စစ်အသားပေး ကစားတတ်သလို ဂိုးလည်းသွင်းတယ် ဂိုးလည်းပေးတယ်ဆိုတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဂလာဘတ်အသင်းကလည်း ဂိုးသွင်းအားကောင်းတဲ့ အသင်းမျိုး ဖြစ်ပြီး ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အပြန်အလှန်သွင်းဂိုးတွေ များတတ်တာကို တွေ့ရပါတယ်။ ဒီပွဲမှာ ဟော့ဖန်ဟိမ်းအသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဘော်ဒီကြေးပါးနေပေမဲ့ ဂိုးပေါင်းကြေး မြင့်တက်နေတာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ရှိပါတယ်။ ပေါက်ကြေးအရ ထိပ်တိုက်တွေ့ဆုံမှုနဲ့ လက်ရှိအခြေအနေတွေအရ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါင်းအပေါ် ဖြစ်နိုင်ဖို့ အကောင်းဆုံး ပွဲစဥ်ဖြစ်ပါတယ်။ ပထမပိုင်းမှာတင် နှစ်ဂိုးလောက်ထိ မြင်တွေ့ရနိုင်ပြီး သုံးဂိုးလောက်က အသာအယာ မြင်တွေ့ရနိုင်တာကြောင့် ဂိုးပေါင်းအပေါ်ကို ကြိုက်ပါတယ်။ ဒီညကစားမဲ့ ဂျာမာန်ဘွန်ဒက်လီဂါ ပွဲစဥ်တွေမှာ ဂိုးပေါင်းအပေါ် ဖြစ်နိုင်ဖို့ အကောင်းဆုံးပွဲစဥ် ဖြစ်တာကြောင့် ဂိုးပေါင်းအပေါ်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။