၂၀.၁၂. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးသည် တွေ့ဆုံဆွေးနွေးတိုင်ပင်မှုများမှတစ်ဆင့် သဘောထားအမြင်ကွဲလွဲမှုများ၊ အခက်အခဲပြဿနာများကို ဖြေရှင်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဆန်ဝီဒေါင်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ပြီးနောက် မြန်မ့ာအရေးနှင့်ပတ်သက်ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံ၊ အဖွဲ့အစည်းအားလုံးသည် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဝိုင်းဝန်းကူညီထောက်ပံ့ပေးရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံတွင် လာမည့်နှစ်အတွင်းကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့စည်းအားလုံးပါဝင်ခြင်းကို တွေ့မြင်လိုကြောင်း ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂိုင်ပွန်ဆာက ” မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အာဆီယံအဖွဲ့အစည်းကတော့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့ လိုလားနေတယ်။မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံအားလုံးဟာ မြန်မာ့နိုင်ငံရေးအခက်အခဲကို အဖြေရှာဖို့ ကြိုးပမ်းမှုတွေကိုကူညီထောက်ပံ့ပေးမှာဖြစ်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပါဝင်ရမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲကို အကြံပေးမှာဖြစ်ပြီးကြားဝင်စွက်ဖက်မှာမဟုတ်ဘူး” ဟုပြောသည်။
Ref arabnews