၁၉. ၁၂. ၂၀၂၄
Written by Nyein Kyaw
ရန်ကုန်တိုင်းအတွင်း ဓာတ်အားစနစ်လိုအပ်ချက်အရ အုပ်စု A နှင့် အုပ်စု B နှစ်ခုခွဲ၍ တစ်ရက်လျှင် ၈ နာရီ လျှပ်စစ်မီးပျက်ရာမှ ဒီဇင်ဘာ ၁၉ ရက် (ယနေ့) မှစတင်ပြီး ည ၉ နာရီမှ မနက် ၁ နာရီအထိ ဓာတ်အားလျှော့ချထားမှုတစ်ချိန် ထပ်မံတိုးမည်ဖြစ်၍ တစ်ရက်လျှင် ၁၂ နာရီအထိ မီးပျက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ကြေညာထားသည်။
ယနေ့တွင် အသစ်ထုတ်ပြန်လိုက်သည့် လျှပ်စစ်ဓာတ်အား ပိတ်ထားမည့် အချိန်စာရင်းအရ နံနက် ၅ နာရီမှ နံနက် ၉ နာရီအထိ Group A ၊ မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ Group B ၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ Group A ၊ ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ကိုပေးပြီး ည ၉ နာရီမှ နောက်နေ့ နံနက် ၁ နာရီအထိ မီးစတင်ပေးသည့် Group A ကို ဓာတ်အားပိတ်ထားမည်ဖြစ်သည်။
သို့သော် နေ့စဉ် နံနက် ၁ နာရီမှ မနက် ၅ နာရီအထိ Group A နှင့် B နှစ်စုလုံးအား ဓာတ်အားပေးထားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်များအား Group A နှင့် B ခွဲ၍ လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။