၁၉. ၁၂.၂၀၂၄
Translated by Tha Doe
အိန္ဒိယနိုင်ငံ မြို့တော် မွမ်ဘိုင်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရေတပ်သင်္ဘောတစ်စီးက လူ ၁၀၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်တင်သင်္ဘောကို တိုက်မိပြီး အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ရုပ်သံမှတ်တမ်းအရ ဒီဖြစ်စဥ်ဟာ မွမ်ဘိုင်းကမ်းလွန်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိန်းချုပ်မှုလွတ်ကင်းသွားတဲ့ လူငါးဦးခန့်လိုက်ပါလာတဲ့ အိန္ဒိယရေတပ်ရဲ့ အမြန်သွားကင်းလှည့်ယာဥ်က ခရီးသည် ၁၀၀ ကျော် လိုက်ပါလာတဲ့ သင်္ဘောကို စောင့်တိုက်မိခဲ့တာဖြစ်ပြီး အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့ပေမဲ့ ခရီးသည် ၁၀၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းနဲ့ ဝမ်းနည်းရပါကြောင်း Maharashtra ပြည်နယ် ၀န်ကြီးချုပ် Devendra Fadnavis က ပြောကြားခဲ့ပါတယ်။
“အိန္ဒိယရေတပ်က ရေယာဉ်တစ်စင်းဟာ မွမ်ဘိုင်းဆိပ်ကမ်းမှာ အင်ဂျင်စမ်းသပ်မှုများ လုပ်ဆောင်နေစဉ် ထိန်းချုပ်မှု ပြတ်တောက်သွားခဲ့ပါတယ်။ ရလဒ်အနေနဲ့ ခရီးသည်တင် ကူးတို့သင်္ဘောနဲ့ တိုက်မိတိမ်းမှောက်သွားခဲ့ပါတယ်”လို့ အိန္ဒိယ ရေတပ်က X မှာ ထုတ်ပြန်ဖော်ပြခဲ့သလို “သေဆုံးသူ ၁၃ ဦးမှာ အရပ်သား ၁၀ ဦးနဲ့ ရေတပ်သား ၃ ဦး ပါဝင်တယ်လို့လည်း ရေတပ်က ပြောကြားခဲ့ပါတယ်။
Neelkamal လို့ ခေါ်တဲ့ ပုဂ္ဂလိကပိုင် ခရီးသည်တင်သင်္ဘောဟာ မွန်ဘိုင်းကမ်းရိုးတန်းက ကမ္ဘာ့အမွေအနှစ်ဒေသ နာမည်ကြီး ခရီးသွားနေရာဖြစ်တဲ့ Elephanta လိုဏ်ခေါင်းတွေဆီ ဦးတည်သွားနေချိန် တိမ်းမှောက်ခဲ့တာလို့လည်း Brihanmumbai မြူနီစီပယ်ကော်ပိုရေးရှင်းက တိမ်းမှောက်သင်္ဘောရဲ့ ဦးတည်ရာပြောခဲ့သလို အိန္ဒိယဝန်ကြီးချုပ်မိုဒီကလည်း ဒီဖြစ်ရပ်အတွက် ဝမ်းနည်းပါကြောင်းနဲ့ သေဆုံးသူတစ်ဦးချင်းအတွက် ရူပီး နှစ်သိန်း၊ ဒဏ်ရာရသူတစ်ဦးချင်းအတွက် ရူပီး ၅၀၀၀၀ ထောက်ပံ့မယ်လို့ ကတိပေးခဲ့သလို လက်ရှိမှာတော့ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းစဥ် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။