MT News
Written by Nay Aung
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ်အသစ် အန်ဝါအီဘရာဟင်တို့သည် အာဆီယံဒေသအတွင်း ခေါင်းဆောင်များရေးဆွဲထားသော ငြိမ်းချမ်းရေးအစီအစဉ်၊ သဘောတူညီချက်များကို အကောင်ထည်ဖော်ရန် နစကကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
အင်ဒိုနီးရှားသမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့သည် ကမ္ဘာရေးရာကိစ္စရပ်များတွင် အာဆီယံအဖွဲ့ပါဝင်မှု ပိုမိုကောင်းမွန်အောင်ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။
သမ္မတ ဝီဒိုဒို နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့က” အင်ဒို- ပစိဖိတ်ဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့လုပ်ဆောင်ရာမှာ အာဆီယံအဖွဲ့ကြီးက အဓိကအခန်းကဏ္ဍက ပါဝင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံသဘောတူညီချက်ငါးချက်ကိုအကောင်ထည်ဖော်ဖို့ အဓိကအရေးကြီးတယ်။ ကျွန်တော်တို့အနေနဲ့ နစကကို အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည် ဖော်ဖို့ တိုက်တွန်းတောင်းဆိုပါတယ်” ဟုဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ကအာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအခက်အခဲများကို အဆုံးသတ်ရန်ရည်ရွယ်ချက်ဖြင့် အာဆီယံခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ် ဧပြီလတွင် နစက ခေါင်းဆောင်နှင့်တွေ့ဆုံပြီး အာဆီယံသဘာတူညီချက်ငါးချက်ကို သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ်နှင့် အင်ဒိုနိးရှားသမ္မတတို့သည် နှစ်နိုင်ငံကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်လည်း ကတိပြုခဲ့ကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် မလေးရှားဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူပြီးနောက်အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် ၂ရက်ကြာချစ်ကြည်ရေးသွားရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ref, straitstimes