◾ လုပ်ကြံသူ ဥဇဘက်ကစ္စတန်နိုင်ငံသားက ဒေါ်လာတစ်သိန်းနဲ့ ဥရောပနိုင်ငံတစ်ခုမှာ ခိုလှုံခွင့်ပြုမယ်လို့ ယူကရိန်းထောက်လှမ်းရေးပေးတဲ့ မက်လုံးကြောင့် ကျုးလွန်ခဲ့ဟု ထွက်ဆို
၁၉. ၁၂. ၂၀၂၄
Translated by Tha Doe
နျူကလီးယားစစ်လက်နက်တွေအသုံးပြုတယ်ဆိုပြီး ယူကရိန်းက အလိုရှိကြောင်း ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်အပြီး ရုရှားဒုတိယဗိုလ်ချုပ်ကြီးကီရီလော့ဗ်ဟာ ဒီဇင်ဘာလ ၁၇ ရက်က မော်စကိုမြို့မှာ အဝေးထိန်းဗုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရပေမဲ့ ကျူးလွန်သူတရားခံကို ဖမ်းမိခဲ့ပြီလို့ ရုရှားအာဏာပိုင်တွေက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ရုရှားနိုင်ငံရဲ့နျူကလီယား၊ ဇီဝဆိုင်ရာနဲ့ ဓာတုကာကွယ်ရေးတပ်ဖွဲ့တွေကိုကြီးကြပ်သူ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့ဗ်ဟာ ကရင်မလင်နန်းတော်က အရှေ့တောင်ဘက် ခုနစ်ကီလိုမီတာ (လေးမိုင်) ခန့်အကွာ တိုက်ခန်းတွဲအဆောက်အအုံတစ်ခုအပြင်ဘက်မှာ စကူတာ လျှပ်စစ်မော်တော်ဆိုင်ကယ်တစ်ခုအတွင်း ထောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းကို အဝေးထိန်းစနစ်နဲ့ခွဲပြီး လုပ်ကြံခံရကာ သေဆုံးခဲ့တယ်လို့ စုံစမ်းရေးကော်မတီက ပြောခဲ့သလို ကီရီလော့ဗ်နဲ့အတူ သူ့လက်ထောက်ဖြစ်သူ အီလျာ ပိုလီကာပေါ့ လည်းသေဆုံးခဲ့တာဖြစ်သလို ယူကရိန်းထောက်လှမ်း ရေးတွေကလည်း သူတို့ရဲ့ ဒီလုပ်ကြံမှုအောင်မြင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းရှေ့နေတွေက ကီရီလော့ဗ်ကို ယူကရိန်းစစ်ပွဲမှာ ပိတ်ပင်ထားတဲ့ ဓာတုလက်နက်တွေအသုံးပြုတယ်ဆိုကာမျက်ကွယ်မှာ တရားစွဲခဲ့ကြပြီး နောက်တစ်ရက်မှာ အခုလို ကီရီလော့ဗ် လုပ်ကြံသတ်ဖြတ်ခံရသလို ကီရီလော့ဗ်ကို ယူကရိန်းစစ်မှာ ဓာတုလက်နက်တွေသုံးဖို့ အမိန့်ပေးခဲ့တယ်ဆိုကာ ယူနိုက်တတ်ကင်းဒမ်းကလည်း ပိတ်ပင်ထားပြီး ဒီဖြစ်စဥ်မှာတော့ ဖမ်းဆီးရမိသူဟာ အသက် ၂၉ နှစ်အရွယ် ဥဇဘက်ကစ္စတန်နိုင်ငံသား အာမက်ကာဗာနော့ဗ်ဆိုသူဖြစ်တယ်လို့ Tass က ဖော်ပြပါတယ်။
အာမက်ကာဗာနော့ဗ်ဟာ ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်ပေမဲ့ ယူကရိန်းထောက်လှမ်းရေးက စုဆောင်းခံရအပြီးမှာ သူဟာ ဒုတိယဗိုလ်ချုပ်ကြီး ကီရီလော့ဗ်ကို လုပ်ကြံနိုင်ခဲ့ရင် ဆုငွေ ဒေါ်လာ ၁၀၀၀၀၀ အပြင် ဥရောပနိုင်ငံတစ်နိုင်ငံကို ထွက်ခွာခိုလှုံခွင့်ပေးမယ်ဆိုတဲ့ မက်လုံးပေးမှုကြောင့် လုပ်ကြံခဲ့တာ ဖြစ်တယ်လို့ ရုရှားအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
အာမက်ကာဗာနော့ဗ်ဟာ ကီရီလော့ဗ်ကို လုပ်ကြံဖို့ကြိုးစားမှုမှာ ယူကရိန်းထောက်လှမ်းရေးညွှန်ကြားချက်အတိုင်း ကီရီလော့ဗ်နေအိမ်အနီးမှာစောင့်ကြည့်ကင်မရာတပ်ဆင်ကာ စကူတာပေါ် လက်လုပ်ဗုံးတင်ပြီး အဝေးထိန်းမိုင်းနဲ့ အောင်မြင်စွာ လုပ်ကြံနိုင်ခဲ့ပေမဲ့ သူမက်မောတဲ့ ဒေါ်လာတစ်သိန်းနဲ့ ဥရောပသမဂ္ဂနိုင်ငံတစ်ခုမှာ ခိုလှုံနေထိုင်ခွင့်မရဘဲ ချက်ခြင်း ဖမ်းဆီးခံရပြီး လက်ရှိမှာတော့ ရုရှားအာဏာပိုင်တွေက အမှုဖြစ်စဥ်ကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေပါတယ်။