၁၉. ၁၂. ၂၀၂၄
Written by Thettant
မန္တလေးမြို့ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၃၀၀၀၀ ကျော် တန်ဖိုးရှိ ရွှေ ၄ ပိဿာကျော် လုယက်ခံခဲ့ရသည်ဟု ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆×၃၇ လမ်းကြားတွင် ဖွင့်လှစ်ထားသော ရွှေစင်အကယ်ဒမီရွှေဆိုင်ကို ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီ ၁၈ မိနစ်အချိန်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ရွှေစင်အကယ်ဒမီရွှေဆိုင်ပိုင်ရှင် ဒေါ်ဝင်းဝင်းအေး၊ ရွှေစင်အကယ်ဒမီရွှေဆိုင်ပိုင်ရှင်၊ ဦးအောင်ကျော်မြ၊ ဒေါ်ချိုချို၊ ဦးညိုတို့ ဆိုင်ပိတ်ပြီးစ ဆိုင်အတွင်းရှိနေစဉ် ကလစ် အနက်ရောင်ဆိုင်ကယ်(နံပါတ်မပါ)(၁)စီး အမည်မသိအမျိုးသား(၃)ဦး ဝင်ရောက်လာပြီး တစ်ဦးမှာ ဆိုင်အတွင်း အဝင်ပေါက်တွင်ရပ်စောင့်ကာ နှစ်ဦးမှာ ပစ္စတိုသေနတ်(၂)လက်ဖြင့် ဆိုင်အတွင်းဝင်ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်၍ ဆိုင်အတွင်းကောင်တာဘေး စားပွဲပေါ်တွင် တင်ထားသော ရွှေထည်အတုံး/ ဆွဲကြိုး/ လက်ကောက်ထည့်ထားသည့် ပလတ်စတစ်ပုံး(၃)ပုံး ခန့်မှန်း ရွှေ (၄)ပိသာကျော်ခန့် စုစုပေါင်းတန်ဖိုး သိန်း(၃၀၀၀ဝိ)ကျော်အား ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများနှင့် CCTV မှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဥ်ကို ရဲတပ်ဖွဲ့က စိစစ်ပြီး ဆိုင်အတွင်း CCTV မှတ်တမ်းများကြည့်ရှု့စစ်ဆေးကာ ထိစပ်နယ်မြေရဲစခန်းများအား ရုပ်သံမှတ်တမ်း ပေးပို့၍ ပိတ်ဆို့ရှာဖွေလျှက်ရှိကြောင်းနှင့် လုယက်မှုတရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ပုံစာ။ လူမှုကွန်ရက်တွင် ထွက်ပေါ်နေသော CCTV မှတ်တမ်း (Video – Credit)