၁၈.၁၂. ၂၀၂၄
Written by Shwe Phyo
ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၂၁၉ ဦးကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင်
မိခင်နိုင်ငံသို့ ပြန်ပို့လိုက်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား ၂၁၉ ဦးသည် ထိုင်းနိုင်ငံရှိ မတူညီသောနေရာအသီးသီးတွင် တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ခံယူစေခဲ့ပြီးနောက် မိခင်နိုင်ငံသို့ ပြန်ပို့ခြင်းဖြစ်ပြီး ကော့သောင်းမြို့သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။
ထိုင်းအာဏာပိုင်များနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူများသည်လည်း မြန်မာနိုင်ငံသား ၂၁၉ ဦးကို ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခြင်းအား လာရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား ၂၁၉ ဦးသည် အသက် ၁၈ နှစ်မှ အသက် ၃၀ အရွယ်ကြားရှိသူများဖြစ်သည်။ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံရပြီးနောက် မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည့် မြန်မာနိုင်ငံသားတစ်ဦးက မိခင်နိုင်ငံသို့ ပြန်ပို့ခံရခြင်းကို စိုးရိမ်ကြောက်ရွှံ့ခြင်းမရှိကြောင်း ပြောသည်။
၎င်းသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန်အတွက် ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လှေဖြင့် ဝင်ရောက်ရန်ကြိုးပမ်းခြင်းဖြစ်ပြီး ပွဲစားခအဖြစ် မြန်မာကျပ်ငွေ သိန်း ၂၀ ပေးခဲ့ရသည်ဟု ပြောသည်။ ထိုင်းအစိုးရသည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းခြင်းများကို တားဆီးနိုင်ရန်အတွက် နယ်စပ်ဒေသတွင် လုံခြုံရေးတင်းကြပ်ထားပြီး တရားမဝင်ဝင်ရောက်သူများကိုဖမ်းဆီးကာမိခင်နိုင်ငံသို့ ပြန်ပို့ခြင်းများရှိကြောင်း သိရသည်။
Ref, nationtv