![photo_2024-12-18_12-03-51](https://www.mtnewstoday.com/wp-content/uploads/2024/12/photo_2024-12-18_12-03-51.jpg)
၁၈.၁၂.၂၀၂၄
Written By Thandar
နိုင်ငံကျော် အဆိုတော်တွေက ၁၆ နှစ်အရွယ် ငယ်ရွယ်နုပျိုချိန်တွေ ပြန်လည်ရောက်ရှိစေမယ့် “ဒိုင်ယာရီ Diary Live Concert” ဖျော်ဖြေပွဲကို လာမယ့် ဒီဇင်ဘာ ၂၀ ရက် ည ၇ နာရီမှာ December Music Concert ပွဲအဖြစ် Chatrium Hotel မှာ ကျင်းပမှာဖြစ်ပါတယ်။
![](https://www.mtnewstoday.com/wp-content/uploads/2024/12/photo_2024-12-18_12-03-55-819x1024.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2024/12/photo_2024-12-18_12-03-58-819x1024.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2024/12/photo_2024-12-18_12-04-01-679x1024.jpg)
“ကျွန်မကတော့ လာမယ့် ဒီဇင်ဘာ ၂၀ ရက်မှာ Chatrium Hotel မှာ ကျွန်မနဲ့အတူတူ အနုပညာမောင်နှမတွေ တော်တော်များများ ဖျော်ဖြေရေးလုပ်ပါမယ်။ ဒီဇင်ဘာလကတော့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် ပွဲတွေလည်း များပါတယ်။ သူများတွေလည်း ပွဲတွေဆိုကြတယ်ဆိုတော့ ကျွန်မလည်း သီချင်းတွေ ဆိုချင်တာပေါ့နော်။ တက်တက်ကြွကြွနဲ့ကို ရင်တွေလည်း ခုန်နေပါတယ်။ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ အနက်ရှိုင်းဆုံး သံစဉ်တွေလည်းပါဝင်မှာပါ။ ပရိသတ်ကို ကျွန်မသီချင်းတွေ အများကြီးဆိုမှာမို့ လာခဲ့ကြဖို့ ပြောချင်ပါတယ်”လို့ အဆိုတော် ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
Ngwe Taungtan Entertainment က စီစဉ်ထားတဲ့ အဆိုပါဖျော်ဖြေပွဲမှာတော့ နာမည်ကြီး တေးသံရှင်တွေဖြစ်တဲ့ ဇော်ပိုင်၊ နေမင်းအိမ်၊ The Sai၊ ထွန်းအိန္ဒြာဗို၊ မေလသံစဉ်တို့ရဲ့ တေးသီချင်းတွေကို Mercury IX Band က တီးခတ်ပေးမှာလည်းဖြစ်ပါတယ်။ အဆိုတော်ဇော်ပိုင်ကလည်း မင်းနဲ့မှချစ်တတ်ပြီ၊ ရင်ခုန်ရလွန်းလို့ ရူးမှာပဲ စတဲ့ တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေပေးမှာလည်းဖြစ်ပါတယ်။