၁၇.၁၂. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် သီရိလင်္ကာနိုင်ငံသား ၂၇ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီးဒီဇင်ဘာ ၁၆ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော ၂၇ ဦးထဲတွင် အမျိုးသမီး ၈ ဦးပါဝင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသော သီရိလင်္ကာနိုင်ငံသား ၂၇ ဦးသည် ထိုင်းနိုင်ငံမှတစ်ဆင့် သီရိလင်္ကာနိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုကျူးလွန်နေသော လူကုန်ကူးဂိုဏ်းများလက်ထဲတွင် သီရိလင်္ကာနိုင်ငံသား ၁၄ ဦး ပိတ်မိနေဆဲဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
သိရီလင်္ကာနိုင်ငံခြားရေးဝန်ကြီး ဗီဂျာသာ ဟီရက်က မြန်မာနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသော ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေဆဲဖြစ်သော သီရိလင်္ကာနိုင်ငံသားများ အမြန်ဆုံးပြန်လည်လွှတ်မြောက်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ရန် ညွန်ကြားထားကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသော ဂိုဏ်းများကို တရုတ်နိုင်ငံသားများက အဓိကဦးဆောင်လုပ်ကိုင်နေပြီး သီရိလင်္ကာနိုင်ငံသားများအပြင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယနိုင်ငံသားများ ဖမ်းဆီးခံရဖူးပြီး ယခုနှစ်အတွင်း ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
Ref, srilankamirror