၁၇.၁၂.၂၀၂၄
Written by KL
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ သင်္ဘောကျွန်းကျေးရွာ၊ ရွာမရပ်ရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူလွန်ကဲပြီး အနီးရှိ ထရံများကို မီးကူးစက်ရာက နေအိမ် သုံးလုံးမီးလောင်ဆုံးရှုံးမှု ဒီဇင်ဘာလ ၁၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မီးလောင်မှုမှာ မိနစ် ၃၀ ကြာမြင့်ခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၁၅ ပေ၊ အနံ ၂၀ ပေ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၂ ထပ် နေအိမ်နှစ်လုံး၊ အလျား ၁၅ ပေ အနံ ၂၀ ပေရှိ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်တစ်လုံး စုစုပေါင်း လူနေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့သည်။
နေအိမ်သုံးလုံး မီးလောင်မှုကြောင့် မီးပေါ့ဆသုံးစွဲသည့် ဦးကျော်ဟိန်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့်မင်းဘူးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။