၁၇.၁၂.၂၀၂၄
Written By Thandar
CANAL+ Myanmar က VIU THAILAND နဲ့ ပထမဆုံး ပူးပေါင်းလုပ်ဆောင်မှုအနေနဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး ထိုင်းနိုင်ငံရှိ မြန်မာပရိသတ်တွေအတွက် CANAL+ ကိုယ်ပိုင်ဖန်တီးမှု မြန်မာရုပ်သံဇာတ်လမ်းတွဲတွေနဲ့ CANAL+ တစ်ဦးတည်း မူပိုင်ခွင့်ရရှိထားတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေ၊ CANAL+ ကိုယ်ပိုင်ဖန်တီးမှု သင်ထောက်ကူဖျော်ဖြေရေး ကလေးအစီအစဉ်တွေကိုပါ ပြသပေးတော့မှာဖြစ်ပါတယ်။
“VIU THAILAND နဲ့ ပူးပေါင်းတာက ထိုင်းနိုင်ငံရှိ မြန်မာဇာတ်လမ်းတွဲချစ်သူတွေအတွက် အရည်အသွေးမြင့် မြန်မာဇာတ်လမ်းတွဲတွေကို ကြည့်ရှုနိုင်ရမယ်ဆိုတဲ့ မှတ်တိုင်တစ်ခုကို အောင်အောင်မြင်မြင်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း အနုပညာဖျော်ဖြေမှုအစီအစဉ်များစွာကို တင်ဆက်ပြသနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မြန်မာဇာတ်လမ်းတွဲကောင်းများကို ထိုင်းနိုင်ငံရှိ VIU ပရိသတ်များ (Viu-ers) များ ပိုမိုကြည့်ရှု အားပေးနိုင်ရန် အခုလိုမျိုး ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်ုပ်တို့ အထူးဝမ်းမြောက်မိပါတယ်”လို့ VIU Thailand Statement – Thawatvongse Silamanonda, General Manager, Viu TH က ပြောပါတယ်။
CANAL+ Myanmar FG က ၂၀၁၈ ခုနှစ်ကနေ စတင်ခဲ့တဲ့ နိုင်ငံတကာထိပ်တန်း PAY TV ဝန်ဆောင်မှုကြီးတစ်ခုဖြစ်ပြီး CANAL+ Group (ပြင်သစ်)နဲ့ မြန်မာနိုင်ငံရှိ Forever Group တို့က ပူးပေါင်းကာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ တင်ဆက်မှုတွေမှာ CANAL+ ရဲ့ ကိုယ်ပိုင်ဖန်တီးမှု မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကနေ မြန်မာ့ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေ၊ ကမ္ဘာ့အဆင့်မီ ရုပ်ရှင်တွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ၊ တိုက်ရိုက်အားကစားပွဲစဉ်တွေ၊ CANAL+ ကိုယ်ပိုင်ဖန်တီးမှု သင်ထောက်ကူဖျော်ဖြေရေး ကလေးအစီအစဥ်တွေ ကာတွန်းအစီအစဉ်တွေ၊ မှတ်တမ်းရုပ်ရှင်တွေနဲ့ အနုပညာဖျော်ဖြေမှု အစီအစဉ်များစွာ ပါဝင်တဲ့ ရုပ်သံလိုင်း ၈ လိုင်း အပါအဝင် မြန်မာစာတန်းထိုးထားတဲ့ တီဗွီရုပ်သံလိုင်းပေါင်း (၁၇) ခုအား ထုတ်လွှင့်ပြသပေးလျက်ရှိတယ်လို့ သိရပါတယ်။
ဒီအစီအစဉ်တွေကို တစ်လကို ကျပ် ၃၉၀၀ ကနေ ၁၂၉၀၀ အထိ ရွေးချယ်ဝယ်ယူနိုင်ပြီး CANAL+ APP မှ တစ်ဆင့် အချိန်နေရာမရွေး ကြည့်ရှုခံစားနိုင်တယ်လို့ဆိုပါတယ်။
Viu က PCCW Limited လက်အောက်ရှိ PCCW Media ရဲ့ အဖွဲဝင်ဖြစ်တဲ့ PCCW Limited က ဟောင်ကောင်အခြေစိုက် စီးပွားရေးဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်ကာ မိုဘိုင်းဆက်သွယ်ရေး၊ မီဒီယာ၊ အိုင်တီ၊ အိမ်ခြံမြေလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြားလုပ်ငန်းတွေမှာလည်း လုပ်ဆောင်လျက်ရှိပါတယ်လို့ သိရပါတယ်။