၁၇. ၁၂.၂၀၂၄
Written by Nay Moe
ဆန္ဒပြပြီးအပြန် မိုတယ်တစ်ခုမှာ ညအိပ်နားနေတဲ့ ရွှေပြည်သာသပိတ်ကော်မတီက ရန်နောင်ကြည်ဝင်းနဲ့ သက်ထူးဇော်တို့ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” လှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီ(SPTSC)နဲ့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ ( NGYSC) တို့ ပူးပေါင်းဖော်ဆောင်ပြီး ညပိုင်းမှာ ရွှေပြည်သာမြို့နယ် အမှတ် (၈) ရပ်ကွက်ရှိ မိုတယ်တစ်ခုမှာ ညအိပ် ဝင်ရောက်နားခိုနေချိန် ဧည့်စာရင်းစစ်ရာက ဆန္ဒပြသူနှစ်ဦးကို ဖမ်းမိခဲ့တာပါ။
လူ့အခွင့်အရေးနေ့ လှုပ်ရှားရာမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်အလံတို့ကို မီးရှို့ပြီး “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာသားကို ကိုင်ဆောင်လို့ ဆန္ဒပြခဲ့တာလို့လည်း ရွှေပြည်သာသပိတ်ကော်မတီက ထုတ်ပြန်ဖော်ပြထားပါတယ
လက်ရှိမှာတော့ ဖမ်းမိထားတဲ့ ဆန္ဒပြသူနှစ်ဦးကို ရွှေပြည်သာ စစ်ကြောရေးမှာ စစ်ကြောနေတယ်လို့လည်း သိရပါတယ်။
ပုံစာ။ SPTSC နဲ့ NGYSC တို့ ဆန္ဒပြမှု ထုတ်ပြန်ခဲ့သော ပုံရိပ်များ။